Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလညီလာခံမှာ မြန်မာ့အရေးအပါအဝင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ်ခြိမ်းခြောက်မှုတွေကို အာရုံစိုက်သွားမယ်လို့ အမေရိကန်ပြော

စက်တင်ဘာ ၁၄ ရက်မှာ စတင်ခဲ့တဲ့ ကုလသမဂ္ဂအ ထွေထွေညီလာခံကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သံအမတ် ကြီးဦးကျော်မိုးထွန်း တက်ရောက်နေပြီး ကုလသမဂ္ဂက အာဏာသိမ်းစစ်ကောင်စီကို အခုထိ အသိအမှတ်ပြု တက်ရောက်စေခြင်း မရှိသေးပါဘူး။

မြန်မာ့အရေးအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အာရုံစိုက်သွားမယ်လို့ အမေရိကန်သံအမတ် ကြီး လင်ဒါသောမက်စ်-ဂရင်းဖီးလ်က ပြောပါတယ်။

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်ရဲ့ သံတမန်ရေးနဲ့ပတ်သက်ပြီး ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့ မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး အခုနှစ်အထွေထွေညီလာခံ ကို သမ္မတဘိုင်ဒင်တက်ရောက်အမှာစကားပြောကြားမယ်လို့လည်း အသိပေးခဲ့ပါတယ်။

“ကျွန်မတို့တစ်နှစ်ပတ်လုံးလုပ်ဆောင်သလို လာမယ့်သီတင်းပတ်အမေရိကန်ရဲ့သံတမန်ရေးက ငြိမ်းချမ်းရေးနဲ့ လုံ ခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေ၊ အာဖဂန်နစ္စတန်ကစလို့ ဆီးရီးယား၊ ယီမင်၊ မြန်မာအထိ ကမ္ဘာ တစ်ဝန်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာရုံစိုက်သွားမှာပါ” လို့ သံအမတ်ကြီးက ပြောပါ တယ်။

စက်တင်ဘာ ၁၄ ရက်မှာ စတင်ခဲ့တဲ့ ကုလသမဂ္ဂအ ထွေထွေညီလာခံကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သံအမတ် ကြီးဦးကျော်မိုးထွန်း တက်ရောက်နေပြီး ကုလသမဂ္ဂက အာဏာသိမ်းစစ်ကောင်စီကို အခုထိ အသိအမှတ်ပြု တက်ရောက်စေခြင်း မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလသမဂ္ဂမြန်မာရုံးက စိုးရိမ်မကင်းဖြစ်မိကြောင်း ယနေ့(မေလ ၂ရက်)ထုတ်ပြန်သည်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။