Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေး အင်အားစုတွေနဲ့ ပိုမို ထိတွေ့ ချိတ်ဆက်ဖို့ ကန် နိုင်ငံခြားရေး အကြံပေးအရာရှိ ဂျပန်အပါအဝင်ဒေသတွင်းနိုင်ငံတွေကို တိုက်တွန်း

ချော်လတ်က အင်ဒို-ပစိဖိတ် ဒေသ၊ အထူးသဖြင့် အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ အားထုတ်လုပ်ဆောင်မှုတွေကို ဂျပန်က အားပေးထောက်ခံ ကူညီဖို့နဲ့ ပတ်သက်ရင် မြင့်မြင့်မားမား မျှော်လင့်ထားချင်တယ်လို့လည်း ဆိုတယ်။

တော်လှန်ရေး အင်အားစုတွေနဲ့ ပိုမို ထိတွေ့ ချိတ်ဆက်ဖို့ ကန် နိုင်ငံခြားရေး အကြံပေးအရာရှိ ဂျပန်အပါအဝင်ဒေသတွင်းနိုင်ငံတွေကို တိုက်တွန်း
တော်လှန်ရေး အင်အားစုတွေနဲ့ ပိုမို ထိတွေ့ ချိတ်ဆက်ဖို့ ကန် နိုင်ငံခြားရေး အကြံပေးအရာရှိ ဂျပန်အပါအဝင်ဒေသတွင်းနိုင်ငံတွေကို တိုက်တွန်း

ဂျပန် အပါအဝင် အင်ဒို-ပစိဖိတ် ဒေသက လက်တွဲဖော် နိုင်ငံတွေ အနေနဲ့ မြန်မာ့ တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့ ချိတ်ဆက်ပြီး ဒီမိုကရေစီရေး အနာဂတ်နဲ့ ပတ်သက်လို့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို အလေးအနက် နားထောင်ပေးဖို့ အမေရိကန်က လိုလားကြောင်း အမေရိကန် နိုင်ငံခြားရေး မူဝါဒရေးရာ ထိပ်တန်း အကြံပေး တစ်ဦးက ပြောကြားသွားခဲ့ပါတယ်။

“အရှေ့တောင်အာရှ ဒေသတွင်းကအပြင် အင်ဒို-ပစိဖိတ် ဒေသတစ်ခုလုံးက ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံ အင်အားစုတွေနဲ့ ချိတ်ဆက် ဆောင်ရွက်တာ၊ ထင်သာမြင်သာ ထိတွေ့တာမျိုးတွေ လုပ်ဆောင်လာဖို့ ကျွန်တော်တို့ အများကြီး မျှော်လင့်ထားပါတယ်”လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် ဒါရက်ခ် ချော်လတ်က ဂျပန်ရဲ့ Nikkei Asia သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ချော်လတ်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဌာနခွဲ အကြီးအကဲ တစ်ဦးဖြစ်ပြီး များပြားစုံလင်တဲ့ ကိစ္စတွေမှာ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်စ်ကို အနီးကပ် အကြံပေးနေသူပါ။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်အပေါ် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက တင်းမာတဲ့ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ကျင့်သုံးနေပါတယ်။ “လက်ရှိ ဆက်ဆံရေး အခြေအနေတွေအရ စစ်အာဏာရှင်တွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့က လေးလေးနက်နက် အယုံအကြည် ကင်းမဲ့နေပါတယ်”လို့ ချော်လတ်က ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်ဟာ ရွေးကောက်ခံ လွှတ်တော် အမတ်တွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကို ထောက်ခံရပ်တည်ကြောင်း သဘောထား ပြသထားပြီး NUGရဲ့ ကိုယ်စားလှယ်တွေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတွေ တွေ့ဆုံ ဆွေးနွေးတာမျိုးတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ အမေရိကန် အနေနဲ့လည်း ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အတိုက်အခံတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်”လို့ ချော်လတ်က ပြောပါတယ်။ အမေရိကန်ဟာ မြန်မာ့ ဒီမိုကရေစီရေး အတိုက်အခံ အင်အားစုတွေနဲ့ စေ့စပ်ဆွေးနွေးမှုမှာ ဦးဆောင်လမ်းပြ ဖြစ်နိုင်အောင် ကြိုးစားနေတယ်လို့လည်း သူက ဆိုတယ်။

၂၀၂၂ တုန်းက အမေရိကန်ဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ မဟာဗျူဟာ လက်တွဲဆောင်ရွက်မှုတွေ မြှင့်တင်ရေး အပါအဝင် ညှိနှိုင်းဆက်ဆံမှု အဆင့်တွေ မြှင့်တင်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ အမေရိကန် အနေနဲ့ မြန်မာကို ဖယ်ထုတ်ထားပြီး အာဆီယံ ၁၀ နိုင်ငံထဲက ၉ နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို မြှင့်တင်ဖို့ စဉ်းစားထားတယ်လို့လည်း ချော်လတ်က ဆက်ပြောပါတယ်။

ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍကို မြှင့်တင်ရာမှာ လုံခြုံရေးအပြင် အင်ဒို-ပစိဖိတ် စီးပွားရေး မူဘောင် သဘောတူညီမှု ကုန်သွယ်ရေး အစီအမံတွေနဲ့ လျော်ညီတဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ချက်တွေပါ ခြုံငုံ ပါဝင်စေမှာ ဖြစ်ပါတယ်။

အမေရိကန်က ဦးဆောင်နေတဲ့ အဲဒီ အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် သဘောတူညီမှု အဖွဲ့မှာ ၁၄ နိုင်ငံ ပါဝင်ပြီး ၇ နိုင်ငံကတော့ အာဆီယံ အသိုက်အဝန်းထဲက ဖြစ်ပါတယ်။ အဲဒီ သဘောတူညီမှုမှာ အာဆီယံ နိုင်ငံတွေက အစောပိုင်း ကတည်းက လက်မှတ်ထိုး ပါဝင်ခဲ့တာကို ဝမ်းသာမိတယ်လို့ ချော်လတ်က ဆိုပါတယ်။

အမေရိကန်ဟာ ဒေသတွင်း နိုင်ငံတွေကို အမေရိကန်နဲ့ တရုတ်ကြား တစ်ဖက်ဖက်ကိုရွေးဖို့ ဖိအားပေး တောင်းဆိုတာမျိုး လုပ်မှာ မဟုတ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

ချော်လတ်က အင်ဒို-ပစိဖိတ် ဒေသ၊ အထူးသဖြင့် အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ အားထုတ်လုပ်ဆောင်မှုတွေကို ဂျပန်က အားပေးထောက်ခံ ကူညီဖို့နဲ့ ပတ်သက်ရင် မြင့်မြင့်မားမား မျှော်လင့်ထားချင်တယ်လို့လည်း ဆိုတယ်။

“အမေရိကန်နဲ့ ဂျပန်တို့က အတူ နီးနီးစပ်စပ် ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဘာမဆို အောင်မြင်ဖို့ ပိုနီးစပ်မှာပေါ့။ ဒါကြောင့်လည်း နှစ်နိုင်ငံ ချိတ်ဆက် ဆောင်ရွက်မှုတွေ အမှန်တကယ် ခိုင်မာ အားကောင်းစေဖို့ ကျွန်တော်တို့ အရမ်း အားထုတ် ကြိုးစားနေတာပါ”လို့ သူက Nikkei Asiaကို မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်စစ်တပ်ဟာ နိုင်ငံရဲ့ နောက်ဆုံးပေါ် ဟိုက်ပါဆောနစ် ဒုံးကျည်လက်နက် စနစ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော် ပြသခဲ့ပါတယ်။