Connect with us

Hi, what are you looking for?

သတင်း

ခရိုင်သုံးခု၌ ဖေဖော်ဝါရီအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၂၁ကြိမ်ပြုလုပ်ခဲ့ဟု KNLA ထုတ်ပြန်

ကြေးနန်းလက်ခံရရှိမှုအရ ဖေဖော်ဝါရီအတွင်း စစ်ကောင်စီမှ KNU တပ်မဟာ ခရိုင်သုံးခုတို့တွင် တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်မှု ၂၁ကြိမ် ရှိခဲ့ကြောင်း ဖော်ပြထားသည်။

(KNU တပ်မဟာ(၅)နယ်မြေတွင် ဖေဖော်ဝါရီအတွင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(KNU တပ်မဟာ(၅)နယ်မြေတွင် ဖေဖော်ဝါရီအတွင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

▪️ရွာသားလေးဦးဒဏ်ရာရပြီး နေအိမ်၊ ဆေးခန်း၊ ကျောင်း၊ ဘာသာရေးအဆောက်အဦးများ ပျက်စီးဟု ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) ခရိုင်နှင့် တပ်မဟာ (၇)ခုရှိသည့်အနက် ညောင်လေးပင်ခရိုင်(တပ်မဟာ-၃)နယ်မြေ၊ ဖာပွန်ခရိုင်( တပ်မဟာ – ၅) နယ်မြေ၊ ဒူးပလာယာခရိုင် (တပ်မဟာ-၆)နယ်မြေတို့၌ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။

ကြေးနန်းလက်ခံရရှိမှုအရ ဖေဖော်ဝါရီအတွင်း စစ်ကောင်စီမှ KNU တပ်မဟာ ခရိုင်သုံးခုတို့တွင် တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်မှု ၂၁ကြိမ် ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းအနက် KNU တပ်မဟာ(၃)၌ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု တစ်ကြိမ်၊ တပ်မဟာ(၅) နယ်မြေတွင် ခုနစ်ကြိမ်၊ တပ်မဟာ(၆)နယ်မြေတွင် ၁၃ကြိမ်ရှိခဲ့ရာ ယင်းတိုက်ခိုက်မှုများအတွင်း အရပ်သား ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တပ်မဟာ(၃)နယ်မြေ၌ လူနေအိမ် တစ်လုံး၊ တပ်မဟာ(၅)နယ်မြေ၌ စာသင်ကျောင်း အဆောက်အဦး ခုနစ်လုံး၊ လူနေအိမ် ၁၈လုံး၊ စပါးကျီ နှစ်လုံး၊ စျေးဆိုင် သုံးလုံး၊ လယ်ထွန်စက်နှင့် ဆန်စက်တို့ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၆)နယ်မြေ၌လည်း ဒဏ်ရာရသည့် ဒေသခံရွာသား လေးဦးရှိပြီး လူနေအိမ် နှစ် လုံး၊ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်း၊ ဘာသာရေးအဆောက်အဦးတစ်လုံး၊ ဆေးပေးခန်း တစ်ခုတို့ လေကြောင်း တိုက်ခိုက်ခံရ၍ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

အချို့နေရာများ၌ လေယာဉ်လာပစ်သည့် အကြိမ်ရေ တင်ပြလာခြင်းမရှိ၍ ထိုအခြေအနေမျိုး၌ အချို့နေရာ၌ နေရာတစ်နေရာကို တစ်ကြိမ်သာ မှတ်ယူထားကြောင်း KNLAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို