Connect with us

Hi, what are you looking for?

News

ဟားခါးတွင် ပစ်ခတ်မှုများ​ကြောင့်ပြည်သူ ငါးဦးဒဏ်ရာရ၊ စစ်​ကောင်စီတပ်က မြို့အတွင်းလက်နက်ကြီးများဖြင့်ပစ်ခတ်

ပြည်နယ်အစိုးရအဖွဲ့ရုံးနားတွင် ပစ်ခတ်မှုဖြစ်နေပြီး လက်နက်ကြီးထိမှန်မူကြောင့် နေအိမ်တစ်လုံးမီးလောင်နေသည်။ ​နေအိမ်အတွင်း​နေထိုင်​သော ပြည်သူများမှာ ပစ်ခတ်မှု​ကြောင့်ငါးဦး ဒဏ်ရာရရှိ​ကြောင်း ​ဒေသခံအချို့က ​ပြောသည်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် ယ​နေ့ည (စက်တင်ဘာ ၁၈ ရက်ည) ၈ နာရီတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်မှုများဖြစ်ပွား​နေပြီး ပြည်သူ ငါးဦးဒဏ်ရာရရှိထား​ကြောင်း​ဒေသခံများက ​ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ရုံးနားတွင် ပစ်ခတ်မှုဖြစ်နေပြီး လက်နက်ကြီးထိမှန်မူကြောင့် နေအိမ်တစ်လုံးမီးလောင်နေသည်။ ​နေအိမ်အတွင်း​နေထိုင်​သော ပြည်သူများမှာ ပစ်ခတ်မှု​ကြောင့်ငါးဦး ဒဏ်ရာရရှိ​ကြောင်း ​ဒေသခံအချို့က ​ပြောသည်။

ချင်းပြည်နယ်၏ မြို့​​တော်တွင်ည ၈ နာရီဝန်းကျင်က​ပေါက်ကွဲသံတစ်ခုကြားရပြီး ထို​နောက်ပစ်ခတ်မှုများဆက်တိုက်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုများမှာ အာဏာသိမ်းစစ်​ကောင်စီက လူ​နေအိမ်များကို တစ်ဘက်သတ်ပစ်ခတ်ခြင်းဟု ​ပြောကြားမှု အချို့ရှိသလို ၊အပြန်အလှန်ပစ်ခတ်မှု ဟုလည်း ​ပြောသူများရှိသည်။ သို့​သော် လူ​နေအိမ်များရှိရာသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုမှာ စစ်​ကောင်စီတပ်က ပစ်​ခတ်ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က ​ပြောသည်။
ပစ်ခတ်မှုများမှာ ည၁၀ နာရီဝန်းကျင်အထိ့ ဖြစ်ပွားခဲ့​ကြောင်း​ဒေသခံများက​​ပြောသည်။

ယ​နေ့ည​နေတွင် ထန်တလန်မြို့တွင်လည်း အကြမ်းဖက် စစ်​ကောင်စီတပ်က မြို့အတွင်းလကွနက်ကြီးဖြင့်ပစ်ခတ်၍ ​နေအိမ် ၁၅ လုံး​ကျော်ပျက်စီးပြီး သင်းအုပ်ဆရာတစ်ဦး​သေနတ်မှန်၍ ကွယ်လွန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook