Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၃ဦးခန့်သေဟု PDF ပြော

ယမန်နေ့ (မတ်လ ၂၁ ရက်) နံနက် ၁၀ နာရီခွဲခန့်က ပုလောနယ် ပဝတ်ဖျားနှင့် မင်းထိန်ကျေး ရွာကြားတွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို KNDO၊ ပုလော (ပ.က.ဖ)၊ KPDF၊ KRDF နှင့် မြိတ်ခရိုင် တပ်ရင်း (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(မြိတ်ခရိုင် တပ်ရင်း (၁)နှင့် မဟာမိတ်ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(မြိတ်ခရိုင် တပ်ရင်း (၁)နှင့် မဟာမိတ်ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ဖျားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၁၃ဦးခန့်သေဆုံးကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁) ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က People’s Springသို့ ပြောသည်။

ယမန်နေ့ (မတ်လ ၂၁ ရက်) နံနက် ၁၀ နာရီခွဲခန့်က ပုလောနယ် ပဝတ်ဖျားနှင့် မင်းထိန်ကျေး ရွာကြားတွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို KNDO၊ ပုလော (ပ.က.ဖ)၊ KPDF၊ KRDF နှင့် မြိတ်ခရိုင် တပ်ရင်း (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် နှစ်ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၃ဦးခန့်သေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကာ PDF ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း(၁)မှ တာဝန်ရှိသူက People’s Springသို့ အတည်ပြုသည်။

Public Service Announcement
Public Service Announcement

ထိတွေ့မှုနှစ်ကြိမ်တွင် စစ်တပ်ခြေကျင်စစ်ကြောင်းအား PDF ပူးပေါင်းတပ်က မိုင်းဖြင့် ကနဦးတိုက်ခိုက်ခဲ့ပြီး ယင်းနောက်တွင်မှ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၃ ရက် နေ့လည်ပိုင်းကလည်း မင်းထိန်ရွာဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဘက်မှ တောကြီးမြွေဟောက်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်သည့်အပြင် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးခန့် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။