Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်

စစ်ကောင်စီတပ်၏ အင်အား(၈၀)ခန့်ရှိသော ခမရ(၅၆၂)နှင့် ခမရ(၄၃၂) စစ်ကြောင်းသည် တောင်ကလေးကျေးရွာအုပ်စု ကွီလုံတိုင်ရွာသစ်အနီး ကျူးကျော်တပ်စွဲထားပြီး အနီးရှိကျေးရွာများအား ကျွဲနွား၊ ရိက္ခာနှင့်ငွေကြေးများ ဝင်ရောက်သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်
စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်

KNU တပ်မဟာ(၆)နယ်မြေထဲ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းရခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)မှ သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့ သေဆုံးမှုနှင့်ပတ်သက်ပြီး စစ်တပ်ဘက်က တစ်စုံတရာ ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင်စခန်းသို့ ရိက္ခာပို့ရန်နှင့် လူနာသယ်ရန်အတွက် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)နှင့် နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့များက မတ်လ(၁၆)ရက်မှ (၁၇)ရက်အထိ တစ်ကြိမ်၊ မတ်လ(၂၁)ရက်တွင် တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်
စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်

အဆိုပါတိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် (၁၀)ဦးခန့် သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကာ လက်နက်လေးလက်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့မှ သိမ်းဆည်းမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

” အနီးကပ်ပစ်ခတ်မှုလည်းရှိတယ် ကျွန်တော်တို့ဘက်က လက်နက်ကြီးနဲ့ ချေမှုန်းတာလည်းရှိတယ်ပေါ့နော်။ သူတို့ထိခိုက်ဒဏ်ရာရတာတော့ အများကြီးပေါ့။ သွေးအိုင်တွေ အသားအစအနာတွေပေ့ါ၊ အဲ့လိုမျိုးဟာတွေလည်း သူတို့အများကြီးကျန်ခဲ့တယ်ပေါ့” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် နှစ်ကြိမ်၊ ရဟတ်ယာဉ်ဖြင့် တစ်ကြိမ် စုစုပေါင်းသုံးကြိမ်တိုက်ခိုက်ခဲ့ရာ အနီးရှိကျေးရွာများသို့ ထိမှန်ခဲ့ပြီး ရွာသားတချို့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကာ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုထားသည်။

စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်
စစ်တပ်အရာရှိအပါအဝင်ဆယ်ဦးခန့်သေဆုံးခဲ့သည့် တိုက်ပွဲအခြေအနေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်ကထုတ်ပြန်

“အဓိကတော့ ကျေးရွာတွေကိုပဲ သူတို့ Target(ပစ်မှတ်)ထားပြီးတော့ ဗုံးကြဲသွားတဲ့ပုံစံမျိုးပေါ့နော်။ ကျေးရွာအနီးကို သူတို့ပစ်မှတ်ထားပြီးတော့ ဗုံးကြဲသွားတယ် ” ဟု S.O.F ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ်၏ အင်အား(၈၀)ခန့်ရှိသော ခမရ(၅၆၂)နှင့် ခမရ(၄၃၂) စစ်ကြောင်းသည် တောင်ကလေးကျေးရွာအုပ်စု ကွီလုံတိုင်ရွာသစ်အနီး ကျူးကျော်တပ်စွဲထားပြီး အနီးရှိကျေးရွာများအား ကျွဲနွား၊ ရိက္ခာနှင့်ငွေကြေးများ ဝင်ရောက်သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။