Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်နယ်၌ အင်အား ၈၀ ခန့်ဖြင့် လှုပ်ရှားလျက်ရှိသည့် စစ်ကောင်စီတပ်အား ဝေဟင်ပေါ်မှရိုက်ထားသည့်မြင်ကွင်းများဒေသခံဖော်ပြ

ထင်ချောင်းရွာနှင့် စံရွာဘက်၌ စစ်ကောင်စီတပ်များ၏ ယနေ့လှုပ်ရှားမှုများကို လေမိုင် ၅မိုင် အကွာမှ ရိုက်ကူးထားခြင်းဖြစ်ကြောင်း ဓာတ်ပုံဆရာက အသိပေးသည်။

(မင်းတပ်မြို့နယ်အတွင်းစစ်​ကောင်စီတပ်သားများကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-HKL Mindat)
(မင်းတပ်မြို့နယ်အတွင်းစစ်​ကောင်စီတပ်သားများကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-HKL Mindat)

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများအား ဒရုန်းဖြင့်ဝေဟင်ပေါ်မှ ရိုက်ကူးထားသည့် ဓာတ်ပုံမှတ်တမ်းကို ဒေသခံ ဓာတ်ပုံဆရာက ယနေ့ ဖော်ပြခဲ့သည်။

အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်သည် ထင်ချောင်းရွာအနီး ယနေ့ စစ်ရေးလှုပ်ရှားခဲ့ပြီး စံရွာနားသို့လည်း ရောက်ရှိခဲ့ကြောင်း၊ အဆိုပါရွာအနီး ညအိပ်မည်ဟု ခန့်မှန်းရကြောင်း စာဖြင့်ရေးသားဖော်ပြသည်။

(မင်းတပ်မြို့နယ်အတွင်းစစ်​ကောင်စီတပ်သားများကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-HKL Mindat)
(မင်းတပ်မြို့နယ်အတွင်းစစ်​ကောင်စီတပ်သားများကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-HKL Mindat)

“နေ့လည်က ပေါက်တောချောက်ဘက် အသွားပြကာ လမ်းခွဲဇရပ် ရောက်သွားသော စခ ၈၀ ခန့်မှာ ယခု ထင်ချောင်းရွာစေတီကုန်းမှ တဆင့် ချောင်းပြင်ကို ဖြတ်ပြီး စံရွာက်ကို သွားနေကြပါပြီ။ နောက်ချန်ကင်း ၁၀ကောင် ချောင်းနားရှိနေဆဲပါ။ စခ တစ်ကောင် ဂန်းကို ဘေးချပြီး ချောင်းနံဘေး မျက်နှာသစ်နေပါတယ်၊ ဂရုစိုက်သွားလာကြပါ ယောအမျိုးများ”ဟု ဓာတ်ပုံဆရာက ယနေ့မတ်လ ၂၄ရက် ညနေပိုင်း၌ အသိပေးရေးသားခဲ့သည်။

(မင်းတပ်မြို့နယ်အတွင်းစစ်​ကောင်စီတပ်သားများကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-HKL Mindat)
(မင်းတပ်မြို့နယ်အတွင်းစစ်​ကောင်စီတပ်သားများကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-HKL Mindat)

ထင်ချောင်းရွာနှင့် စံရွာဘက်၌ စစ်ကောင်စီတပ်များ၏ ယနေ့လှုပ်ရှားမှုများကို လေမိုင် ၅မိုင် အကွာမှ ရိုက်ကူးထားခြင်းဖြစ်ကြောင်း ဓာတ်ပုံဆရာက အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့ပြင် မင်းတပ် နယ်၌ တာဝန်ကျသည့် စစ်ကောင်စီ ဗိုလ်မှူး မုံရွာဘက်သို့ ပြောင်းရွှေ့သွားကြောင်း၊ အစားဝင်ရောက်လာသည့် အရာရှိမှာ ကရင်ပြည်နယ်ဘက်က ပြောင်းလာသူဖြစ်ကြောင်း လည်း ၎င်းက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook