Connect with us

Hi, what are you looking for?

သတင်း

မြဝတီတွင် မနက်အစောပိုင်းတိုက်ပွဲပြင်းထန်

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူအသုံးပြုခဲ့သလို မြ၀တီ-ကော့ကရိတ် အာရှလမ်းပိုင်းတွင်လည်း ဗုံးပေါက်ကွဲမှုကြောင့် ကားလမ်းပျက်စီးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

မြဝတီတွင် မနက်အစောပိုင်းတိုက်ပွဲပြင်းထန်
မြဝတီတွင် မနက်အစောပိုင်းတိုက်ပွဲပြင်းထန်

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ ကုန်သွယ်ရေးဇုန်နှင့် စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ တပ်စခန်းများကို ယနေ့ မနက် အစောပိုင်း၌ တော်လှန်ရေးတပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူအသုံးပြုခဲ့သလို မြ၀တီ-ကော့ကရိတ် အာရှလမ်းပိုင်းတွင်လည်း ဗုံးပေါက်ကွဲမှုကြောင့် ကားလမ်းပျက်စီးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

ယနေ့ နံနက်(၆)နာရီအချိန်ခန့်တွင် မြ၀တီမြို့နယ် သင်္ဃန်းညီနောင်အတွင်းရှိ စစ်ကောင်စီ၏ ခမရ(၃၅၅)တပ် ရင်း၊ ခမရ(၃၅၆)တပ်ရင်းများကို တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ပြီး မြ၀တီကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်းကိုလည်း တပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက် မီးရှို့ခဲ့ကြောင်း မြေပြင်သတင်းအရ သိရှိရသည်။

မြဝတီတွင် မနက်အစောပိုင်းတိုက်ပွဲပြင်းထန်
မြဝတီတွင် မနက်အစောပိုင်းတိုက်ပွဲပြင်းထန်

“မြ၀တီကုန်သွယ်ရေးဇုန် ရဲကင်းဂိတ်မှာ ရဲ(၃)ဦးသေသွားတယ်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်နေတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြ၀တီ-ကော့ကရိတ်အာရှလမ်း ဆိတ်ဖူးတောင်နှင့် ဆိတ်ဖူးကုန်းအကြားတွင်လည်း ယနေ့နံနက်အစောပိုင်း တစ်နာရီခွဲအချိန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အာရှလမ်းပိုင်းပျက်စီးသွားခဲ့ကာ လက်ရှိတွင် အဆိုပါလမ်းပိုင်းတွင် သွားလာလို့မရတော့ကြောင်း ခရီးသွားလာသူများထံမှ သိရသည်။

မြဝတီတွင် မနက်အစောပိုင်းတိုက်ပွဲပြင်းထန်
မြဝတီတွင် မနက်အစောပိုင်းတိုက်ပွဲပြင်းထန်

“သွားလို့မရတော့ဘူး၊ ပြန်လှည့်လာပြီ။ အခု တံတားကျိုးဂိတ်(ကော့ကရိတ်)မှာ ပိတ်လိုက်ပြီ။ အပေါ်မှာ တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်” ဟု ခရီးသွားလာသူတစ်ဦးက ပြောသည်။

ယနေ့ နံနက်(၉)နာရီအချိန်ခန့်၌ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့နယ် အတွင်းမဲကနယ်ဘက်တွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ထိခိုက်မှုကို လတ်တလောတွင် မသိရှိရသေးဘူးလို့ ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။