Connect with us

Hi, what are you looking for?

သတင်း

မြဝတီရှိစစ်ကောင်စီတပ်ဂိတ်နှင့်တပ်စွဲရာနေရာကို ပူးပေါင်းတပ်ဝင်တိုက်၊ စစ်သား၂၀ ခန့်သေ၊ လက်နက် ၂၀ခန့်ရဟု KNU သတင်းရင်းမြစ်ပြော

မြေပြင်တွင်စစ်ကောင်စီသေဆုံးမှုများပြားသဖြင့် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

(မြဝတီမြို့ ကုန်သွယ်​ရေးဇုန်အနီးတိုက်ပွဲဖြစ်ပွားပြီး​​နောက်မြင်ကွင်းနှင့် မြဝတီ-​ကော့ကရိတ် လမ်းပိုင်းတစ်​​နေရာမြင်ကွင်း။ဓါတ်ပုံ-CJ)
(မြဝတီမြို့ ကုန်သွယ်​ရေးဇုန်အနီးတိုက်ပွဲဖြစ်ပွားပြီး​​နောက်မြင်ကွင်းနှင့် မြဝတီ-​ကော့ကရိတ် လမ်းပိုင်းတစ်​​နေရာမြင်ကွင်း။ဓါတ်ပုံ-CJ)

▪︎​ကော့ကရိတ်မြို့အနီးတွင်လည်းတိုက်ပွဲဖြစ်

ကရင်ပြည်နယ် မြ၀တီမြို့နယ်ရှိ စစ်ကောင်စီဂိတ်နှင့် တပ်စွဲရာနေရာကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ယနေ့မတ်လ ၂၅ရက်မနက်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

“သင်္ဃန်းညီနောင် သူတို့စခန်း တစ်ခု၊ ကားလမ်းနားမှာပဲထင်တယ်။ အဲဒီမှာ ဝင်ပစ်တာ။ ပစ်တော့ သူတို့(စစ်ကောင်စီ)လူ ၂၀လောက်သေတယ်ပြောတယ်။ နောက်ပြီးတော့ လက်နက်လည်းရတယ်။ လက်နက်က အလက် ၂၀လောက်ရတယ်ပြောတယ်” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

(မြဝတီမြို့ ကုန်သွယ်​ရေးဇုန်အနီးတိုက်ပွဲဖြစ်ပွားပြီး​​နောက်မြင်ကွင်းနှင့် မြဝတီ-​ကော့ကရိတ် လမ်းပိုင်းတစ်​​နေရာမြင်ကွင်း။ဓါတ်ပုံ-CJ)
(မြဝတီမြို့ ကုန်သွယ်​ရေးဇုန်အနီးတိုက်ပွဲဖြစ်ပွားပြီး​​နောက်မြင်ကွင်းနှင့် မြဝတီ-​ကော့ကရိတ် လမ်းပိုင်းတစ်​​နေရာမြင်ကွင်း။ဓါတ်ပုံ-CJ)

အဆိုပါ နေရာသည် ဂိတ်ဟုဆိုသော်လည်း ငွေကြေးကောက်ခံမှု ပြုလုပ်နေသည့် နေရာဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။

“ကျနော်တို့လူတွေက ဝင်ပစ်၊ ပစ်ပြီး မီးရှို့၊ လက်နက်ပစ္စည်းတွေ သိမ်းပြီး ပြန်ထွက်တာပေါ့။သင်္ဃန်းညီနောင်နဲ့ မြ၀တီ တလျှောက်လုံးကတော့ ဖြစ်မှာပဲ။အာရှလမ်းနေရာတွေပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယနေ့ မနက် ၉နာရီကျော်အချိန်ထိ မြ၀တီ၌ ပစ်ခတ်မှုဖြစ်နေကြောင်း ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သင်္ဃန်းညီနောင်နဲ့ ကုန်သွယ်ဇုန်ကို ကျုံးလိုက်ပြီတဲ။ ဟိုကောင်တွေ(စစ်ကောင်စီတပ်သားများ)သေတာ မနည်းဘူးတဲ့”ဟု သတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။

(မြဝတီမြို့ ကုန်သွယ်​ရေးဇုန်အနီးတိုက်ပွဲဖြစ်ပွားပြီး​​နောက်မြင်ကွင်းနှင့် မြဝတီ-​ကော့ကရိတ် လမ်းပိုင်းတစ်​​နေရာမြင်ကွင်း။ဓါတ်ပုံ-CJ)
(မြဝတီမြို့ ကုန်သွယ်​ရေးဇုန်အနီးတိုက်ပွဲဖြစ်ပွားပြီး​​နောက်မြင်ကွင်းနှင့် မြဝတီ-​ကော့ကရိတ် လမ်းပိုင်းတစ်​​နေရာမြင်ကွင်း။ဓါတ်ပုံ-CJ)

မြေပြင်တွင်စစ်ကောင်စီသေဆုံးမှုများပြားသဖြင့် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

မြ၀တီ ၊ ကော့ကရိတ်၊ ကျုံဒိုး၊ အာရှလမ်း နေရာလေးခုတွင် ​တော်လှန်​ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်လျက်ရှိကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။ သတင်းအ​သေးစိပ်ကိုထပ်မံစုံစမ်းလျှက်ရှိပါသည်။

“ကော့ကရိတ်မြို့နားတင်ဖြစ်နေတာ။အတိအကျပြောရရင် တမိုင်ကုန်းမှာ။စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်နေပြီး အရပ်သားတွေ ထိခိုက်တယ်ကြားနေရတယ်” ဟု တမိုင်ကုန်းရွာဒေသခံတစ်ဦးကပြောသည်။

ယနေ့ နံနက် ၉နာရီခွဲခန့်နောက်ဆုံးရရှိ​သောသတင်းများအရမြဝတီကုန်သွယ်ရေးဇုံအနီးတွင် တိုက်ပွဲဆက်ဖြစ်နေပြီး ကော့ကရိတ်မြို့တွင်ပစ်ခတ်မှုသံများ မကြားရတော့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်ခြမ်းက စစ်ရေးတင်းမာမှုတွေကြောင့်နယ်စပ်နားက စာသင်ကျောင်းတစ်ကျောင်းကို ပိတ်ထားလိုက်ကြောင်းထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။