Connect with us

Hi, what are you looking for?

News

ဖိလစ်ပိုင် သမ္မတနေရာအတွက် ရွေးကောက်ပွဲဝင် ယှဉ်ပြိုင်သွားမယ့် လက်ဝှေ့ကျော် ပက်ကွီအို

ပက်ကွီအိုကို အာဏာရ ပီဒီပီ-လာဘန် ပါတီရဲ့အမတ်တချို့က သမ္မတလောင်းအဖြစ် အဆိုတင်သွင်း ထောက်ခံထားကြပါတယ်။

ဖိလစ်ပိုင် သမ္မတ ရာထူးအတွက် ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ကမ္ဘာကျော် လက်ဝှေ့ ချန်ပီယံ မန်နီ ပက်ကွီအိုက အတည်ပြု ကြေညာလိုက်ပါတယ်။

ပက်ကွီအိုကို အာဏာရ ပီဒီပီ-လာဘန် ပါတီရဲ့အမတ်တချို့က သမ္မတလောင်းအဖြစ် အဆိုတင်သွင်း ထောက်ခံထားကြပါတယ်။ အဲဒီ ပါတီဟာ လက်ရှိ သမ္မတ ရိုဒရီဂို ဒူတာတေး ကိုယ်စားပြုနေတာပါ။

ဖိလစ်ပိုင်ရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ ဒူတာတေးဟာ ၆ နှစ် သမ္မတသက်တမ်း တာဝန် ထမ်းဆောင်ပြီးတဲ့နောက် နောက်ထပ် သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ဝင်ခွင့် မရှိပါဘူး။ ဒူတာတေးဟာ ရွေးကောက်ပွဲမှာ ဒုတိယ သမ္မတလောင်း နေရာအတွက်တော့ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ဒုတိယ သမ္မတကို သမ္မတက ခန့်အပ်ခွင့် မရှိဘဲ ရွေးကောက်ပွဲ သီးခြား ယှဉ်ပြိုင်ရပါတယ်။

ပက်ကွီအိုဟာ ဝိတ်တန်း တော်တော်များများမှာ ကမ္ဘာ့ချန်ပီယံဆုတွေ ရရှိခဲ့ပြီး ဖိလစ်ပိုင် ဂုဏ်ဆောင်ခဲ့တဲ့ အားကစား ကြယ်ပွင့် တစ်ဦးပါ။ အသက် ၄၂ နှစ် ရှိပြီဖြစ်တဲ့ ပက်ကွီအိုဟာ နိုင်ငံရေး နယ်ပယ်မှာလည်း လေးစားခံရတဲ့ အမတ်တစ်ဦး ဖြစ်နေပေမယ့် သမ္မတ ရာထူးကို ယူဖို့ ငယ်ရွယ်လွန်းသေးတယ်ဆိုတဲ့ ဝေဖန်မှုူတွေ ရှိနေပါတယ်။ ဖိလစ်ပိုင်မှာ အသက် ၄၀ အထက် အရွယ်မှသာ ရွေးကောက်ပွဲ ဝင်ခွင့် ရှိပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ကြိုးဝိုင်းထဲမှာရော၊ ကြိုးဝိုင်း အပြင်ဖက်မှာပါ ဖိုက်တာ တစ်ဦးဖြစ်ကြောင်း၊ ပါတီဝင်တွေရဲ့ သမ္မတလောင်း ရာထူး အဆိုပြုမှုူကို လက်ခံပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ အမှုတော်ကို အကောင်းဆုံး ထမ်းဆောင်ဖို့ ကြိုးစားသွားလိုကြောင်း ပက်ကွီအိုက ပြောပါတယ်။

အာဏာရ ပီဒီပီ-လာဘန် ပါတီထဲက တခြား အမတ်တချို့ကတော့ ဒူတာတေး ကိုယ်တိုင် ထောက်ခံထားတဲ့ ခရစ္စတိုဖာ ဘွန်ဂိုကို သမ္မတလောင်း ရာထူးအတွက် အဆိုပြုထားပါတယ်။ လေ့လာသူတွေကတော့ အခုနှစ်၊ ဇူလိုင်လထိ ပီဒီပီ-လာဘန် ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ပက်ကွီအိုဟာ ဘွန်ဂိုထက် လူကြိုက် ပိုများနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ပက်ကွီအိုဟာ အရင်က ဒူတာတေးရဲ့ အနီးကပ်ဆုံး မဟာမိတ်တစ်ဦး ဖြစ်ခဲ့ပေမယ့် မကြာသေးခင် လပိုင်းတွေမှာတော့ သမ္မတရဲ့ မူဝါဒတွေအပေါ် လူသိရှင်ကြား ဝေဖန်ရာက နှစ်ဦးကြား ဆက်ဆံရေး အေးခဲလာခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။