Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖိလစ်ပိုင် သမ္မတနေရာအတွက် ရွေးကောက်ပွဲဝင် ယှဉ်ပြိုင်သွားမယ့် လက်ဝှေ့ကျော် ပက်ကွီအို

ပက်ကွီအိုကို အာဏာရ ပီဒီပီ-လာဘန် ပါတီရဲ့အမတ်တချို့က သမ္မတလောင်းအဖြစ် အဆိုတင်သွင်း ထောက်ခံထားကြပါတယ်။

ဖိလစ်ပိုင် သမ္မတ ရာထူးအတွက် ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ကမ္ဘာကျော် လက်ဝှေ့ ချန်ပီယံ မန်နီ ပက်ကွီအိုက အတည်ပြု ကြေညာလိုက်ပါတယ်။

ပက်ကွီအိုကို အာဏာရ ပီဒီပီ-လာဘန် ပါတီရဲ့အမတ်တချို့က သမ္မတလောင်းအဖြစ် အဆိုတင်သွင်း ထောက်ခံထားကြပါတယ်။ အဲဒီ ပါတီဟာ လက်ရှိ သမ္မတ ရိုဒရီဂို ဒူတာတေး ကိုယ်စားပြုနေတာပါ။

ဖိလစ်ပိုင်ရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ ဒူတာတေးဟာ ၆ နှစ် သမ္မတသက်တမ်း တာဝန် ထမ်းဆောင်ပြီးတဲ့နောက် နောက်ထပ် သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ဝင်ခွင့် မရှိပါဘူး။ ဒူတာတေးဟာ ရွေးကောက်ပွဲမှာ ဒုတိယ သမ္မတလောင်း နေရာအတွက်တော့ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ဒုတိယ သမ္မတကို သမ္မတက ခန့်အပ်ခွင့် မရှိဘဲ ရွေးကောက်ပွဲ သီးခြား ယှဉ်ပြိုင်ရပါတယ်။

ပက်ကွီအိုဟာ ဝိတ်တန်း တော်တော်များများမှာ ကမ္ဘာ့ချန်ပီယံဆုတွေ ရရှိခဲ့ပြီး ဖိလစ်ပိုင် ဂုဏ်ဆောင်ခဲ့တဲ့ အားကစား ကြယ်ပွင့် တစ်ဦးပါ။ အသက် ၄၂ နှစ် ရှိပြီဖြစ်တဲ့ ပက်ကွီအိုဟာ နိုင်ငံရေး နယ်ပယ်မှာလည်း လေးစားခံရတဲ့ အမတ်တစ်ဦး ဖြစ်နေပေမယ့် သမ္မတ ရာထူးကို ယူဖို့ ငယ်ရွယ်လွန်းသေးတယ်ဆိုတဲ့ ဝေဖန်မှုူတွေ ရှိနေပါတယ်။ ဖိလစ်ပိုင်မှာ အသက် ၄၀ အထက် အရွယ်မှသာ ရွေးကောက်ပွဲ ဝင်ခွင့် ရှိပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ကြိုးဝိုင်းထဲမှာရော၊ ကြိုးဝိုင်း အပြင်ဖက်မှာပါ ဖိုက်တာ တစ်ဦးဖြစ်ကြောင်း၊ ပါတီဝင်တွေရဲ့ သမ္မတလောင်း ရာထူး အဆိုပြုမှုူကို လက်ခံပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ အမှုတော်ကို အကောင်းဆုံး ထမ်းဆောင်ဖို့ ကြိုးစားသွားလိုကြောင်း ပက်ကွီအိုက ပြောပါတယ်။

အာဏာရ ပီဒီပီ-လာဘန် ပါတီထဲက တခြား အမတ်တချို့ကတော့ ဒူတာတေး ကိုယ်တိုင် ထောက်ခံထားတဲ့ ခရစ္စတိုဖာ ဘွန်ဂိုကို သမ္မတလောင်း ရာထူးအတွက် အဆိုပြုထားပါတယ်။ လေ့လာသူတွေကတော့ အခုနှစ်၊ ဇူလိုင်လထိ ပီဒီပီ-လာဘန် ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ပက်ကွီအိုဟာ ဘွန်ဂိုထက် လူကြိုက် ပိုများနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ပက်ကွီအိုဟာ အရင်က ဒူတာတေးရဲ့ အနီးကပ်ဆုံး မဟာမိတ်တစ်ဦး ဖြစ်ခဲ့ပေမယ့် မကြာသေးခင် လပိုင်းတွေမှာတော့ သမ္မတရဲ့ မူဝါဒတွေအပေါ် လူသိရှင်ကြား ဝေဖန်ရာက နှစ်ဦးကြား ဆက်ဆံရေး အေးခဲလာခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

နိုင်ငံတကာ

ဂန်ဂျာရဲ့ အဖွဲ့ကတော့ ရွေးကောက်ပွဲမှာ စနစ်တကျ ကျူးလွန်တဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။

နိုင်ငံတကာ

ခုံရုံး ကြားနာမှု အပြီးမှာတော့ ဖီထာက သူဟာ လွှတ်တော် ဥက္ကဋ္ဌ ဝမ်မူဟာမက်နော်မာသာနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ဘယ်အချိန်မှာ အမတ်တာဝန်တွေ ပြန်လည် ထမ်းဆောင်နိုင်မလဲ ဆိုတာကို အဖြေရှာသွားမယ်လို့ ပြောပါတယ်။