Connect with us

Hi, what are you looking for?

သတင်း

NUGအပေါ်မကျေလည်ခြင်း၊ မြေပြင်အဖွဲ့အချင်းချင်းနားလည်မှုလွဲခြင်း ပြေလည်အောင်ဖြေရှင်းရန် ပြည်ထောင်စုဝန်ကြီးချုပ် မှာကြား

တော်လှန်ရေး၏ ခက်ခဲသည့်ကာလများ ဖြတ်ကျော်ခဲ့ရသည်မှာ ၂နှစ်ကျော်ရှိပြီဖြစ်၍ ယခုနှစ်အတွင်း အစွမ်းကုန်ရုန်းကန်ပြီး လူမဆန်သည့် အကြမ်းဖက်စစ်ကောင်စီများကို မြေပေါ်၌ခြေမချနိုင်သည်အထိ အမြစ်ဖြတ်တိုက်ခိုက်သွားရမည့်နှစ်ဖြစ်ကြောင်း ပြည်သူကို သတင်းစကား ပါးလိုသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပေါ် အားမလိုအားမရဖြစ်ခြင်း၊ မကျေလည်ခြင်း၊ မြေပြင် အဖွဲ့အချင်းချင်း နားလည်မှုလွဲခြင်း ကိစ္စရပ်များအား ပြေလည်မှုရရှိအောင်ဖြေရှင်းရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားသည်။

လက်ရှိကာလအတွင်း မြေပြင်၌ တိုက်ပွဲဝင်နေသည့် အချို့သောဒေသကာကွယ်ရေးတပ်(LDF) များ အနေဖြင့် စိတ်ခံစားမှုအရ ပြောဆိုခြင်းရှိနေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

“တချို့သော မြေပြင်မှာတိုက်ပွဲဝင်နေကြတဲ့ LDFတွေအနေနဲ့လည်း စိတ်ခံစားမှုအရ social mediaပေါ်မှာ ပြောဆိုတာတွေ၊ တော်လှန်ရေးအခြေအနေကို အားမလို အားမရဖြစ်တာတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် မကျေလည်တာတွေ ပြောဆိုလာကြတာ ရှိသလို မြေပြင်အဖွဲ့တွေ အချင်းချင်း နားလည်မှုလွဲတာတွေလည်း ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရဖြစ်တာနဲ့အညီ သေချာနားလည်အောင် ရှင်းပြပေးဖို့ တာဝန်ရှိမှာ ဖြစ်သလို ပြဿနာတွေ သေးတုန်းမှာ ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ဆက်လက်ပြီး “ချမှတ်ထားတဲ့ မူဝါဒတွေ၊ Code of conduct တွေကို သေချာနားမလည်တာကြောင့် မှားယွင်းစီမံခန့်ခွဲမှုတွေ မဖြစ်အောင်နဲ့ လက်နက်ကိုင်ပြီး နိုင့်ထက်စီးနင်း ပြုကျင့်မှုမျိုးတွေ မဖြစ်စေဖို့ ထိန်းကျောင်းတည့်မတ်ပေးရမှာ ကျွန်တော်တို့တာဝန်ဖြစ်ပါတယ်” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေး၏ ခက်ခဲသည့်ကာလများ ဖြတ်ကျော်ခဲ့ရသည်မှာ ၂နှစ်ကျော်ရှိပြီဖြစ်၍ ယခုနှစ်အတွင်း အစွမ်းကုန်ရုန်းကန်ပြီး လူမဆန်သည့် အကြမ်းဖက်စစ်ကောင်စီများကို မြေပေါ်၌ခြေမချနိုင်သည်အထိ အမြစ်ဖြတ်တိုက်ခိုက်သွားရမည့်နှစ်ဖြစ်ကြောင်း ပြည်သူကို သတင်းစကား ပါးလိုသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။