Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကျင်းပသော သင်္ကြန်အပါအဝင် ပျော်ပွဲ၊ရွှင်ပွဲများ ပြည်သူများပါဝင်ခြင်းမပြုရန် တော်လှန်ရေးအင်အားစုများ တောင်းဆို

စစ်ကောင်စီသည် သင်္ကြန်အတွက် ရန်ကုန် ၊မန္တလေးနှင့် နေပြည်တော်စသည့် မြို့များတွင် မဏ္ဍပ်များ ဆောက်လုပ်၍ လူစည်ကားစေရန် ပြင်ဆင်လျက်ရှိသည်။

(ယမန်နှစ်က စစ်ကောင်စီ​၏ ရန်ကုန်မြို့တော်မဏ္ဏပ်အနီး ဖောက်ခွဲသတိပေးမှုပြုလုပ်စဉ်။ ဓာတ်ပုံ - CJ)
(ယမန်နှစ်က စစ်ကောင်စီ​၏ ရန်ကုန်မြို့တော်မဏ္ဏပ်အနီး ဖောက်ခွဲသတိပေးမှုပြုလုပ်စဉ်။ ဓာတ်ပုံ - CJ)

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းဖက်မှုများလုပ်ဆောင်နေသည့် စစ်ကောင်စီက ကျင်းပသော သင်္ကြန်အပါအဝင် ပျော်ပွဲ၊ရွှင်ပွဲများ၌ ပြည်သူများပါဝင်ခြင်းမပြုရန် တော်လှန်ရေးအင်အားစုများ တောင်းဆိုလိုက်သည်။

“ဒီနှစ်မှာတော့ နိုင်ငံတဝှမ်းမှာ ဖြစ်ပျက်နေတဲ့ ကပ်ဘေးတွေကြား တိုးတိုးလေးငိုနေတဲ့သူတွေရှိတာကြောင့် တိတ်တိတ်လေး ပျော်ပေးကြဖို့၊ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက် စာမျက်နှာတွေမှာ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ မတင်ကြဖို့၊ မမျှဝေကြဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ…..။” ဟု တော်လှန်ရေးအင်အားစုများက ထုတ်ပြန်တောင်းဆိုထားသည်။

စစ်ကောင်စီသည် ပြည်သူလူထုကို မတရားဖမ်းစီးထောင်ချခြင်း ၊ သတ်ဖြတ်ခြင်း မီးရှိုဖျက်ဆီးခြင်း အဓမ္မပြုကျင့်ခြင်းစသည်တို့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချိန်တိုင်းကျူးလွန် ‌နေပြီး ၎င်းတို့၏ လုပ်ရပ်များကို ပြည်သူများ ‌မေ့ပျောက်စေရန် နှင့် ၎င်းတို့၏ အာဏာတည်မြဲရေးအ‌တွက် သင်္ကြန်အပါအဝင်ပွဲတော်များကို စည်ကားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“စကစကနေ သင်္ကြန်ပွဲကိုစည်ကားအောင်လုပ်နေတာတွေ့ရပါတယ်။ စကစရဲ့သင်္ကြန်က သွေးစွန်းသင်္ကြန်လို့ပဲ ပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်။ ” စမ်းချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ပီတာကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် လက်ရှိတွင် ပြည်တွင်း၌ တော်လှန်ရေး အင်အားစုများကို အရေးနိမ့်နေသလို နိုင်ငံတကာစာမျက်နှာတွင်လည်း အခြေအနေမဟန်သောကြောင့် ယင်းပျော်ပွဲ၊ရွှင်ပွဲများ၌ လာရောက်ပျော်ပါးသူများ၏ ဓာတ်ပုံများကို အသုံးပြု၍ တိုင်းပြည်အခြေအနေ ပုံမှန်ဖြစ်နေသယောင် ဖော်ပြချင်သောကြောင့် သင်္ကြန်ကိုစည်ကားအောင် ပြုလုပ်နေသည်ဟု ထင်မြင်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် နှစ်အတွင်းက ကျောက်မြောင်းဈေးကဲ့သို့ လူစည်ကားရာနေရာများတွင် ဗုံးများဖောက်ကာ ပြည်သူများကို ထိခိုက်စေသည့် ကိစ္စများကိုပြုလုပ်သလို သင်္ကြန်တွင် ပြည်သူများကို ထိခိုက်စေရန် ဖောက်ခွဲမှုများပြုလုပ်၍ တော်လှန်ရေးအင်အားစုများကို လွှဲချကာ တော်လှန်ရေးကို ပုံဖျက်ရန် အတွက်လည်းရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ပီတာကြီးက ပြောသည်။

ထို့ကြောင့် အန္တရာယ်များသည့် စစ်ကောင်စီ၏ ပွဲတော်များတွင် ပါဝင်ခြင်းမပြုဘဲ သင်္ကြန်ကိုလည်း တော်လှန်သင်္ကြန်အနေဖြင့်ပါဝင်ရန် ၎င်းကတောင်းဆိုသည်။

“ပြည်သူတွေအနေနဲ့ မပျော်ရဘူးလို့ မပြောလိုပါဘူး။ပျော်ကြပါတယ်။ ကိုယ့်မိသားစုအတူနဲ့ အိမ်မှာ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး တော်လှန်ရေးအင်အားစုတွေကို ဆုတောင်းမေတ္တာပို့ပေးပါ” ဟုပီတာကြီးက ပြောသည်။

စစ်ကောင်စီသည် သင်္ကြန်အတွက် ရန်ကုန် ၊မန္တလေးနှင့် နေပြည်တော်စသည့် မြို့များတွင် မဏ္ဍပ်များ ဆောက်လုပ်၍ လူစည်ကားစေရန် ပြင်ဆင်လျက်ရှိသည်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ယုတ်မာရက်စက်မှုတွေကြောင့် အိုးပစ် အိမ်ပစ် သေကွဲရှင်ကွဲ ကွဲနေကြတဲ့ လူထုတစ်ရပ်လုံးကို ကိုယ်ချင်းစာပြီး ပျော်ရွှင်စရာတွေရှိလာတဲ့ အခါမှာလည်း တိတ်တိတ်လေး ပျော်ပေးကြပါမယ်။ဘာဖြစ်လို့လဲဆိုတော့ တိုးတိုးလေးငိုနေသူတွေရှိနေလို့ပါခင်ဗျာ” ဟု ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ သင်္ကြန်တွင်ပါဝင်ခြင်းမပြုကြဘဲ စစ်ကောင်စီနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကို Boycott ပြုလုပ်ရန် နှင့် မကြာမီ ကာလတွင် ပြုလုပ်မည့် အကယ်ဒမီပေးပွဲနှင့်ပတ်သက်သော အကြောင်းအရာများကို ပြောဆိုခြင်း မျှဝေခြင်းများမပြုလုပ်ရန် တော်လှန်ရေး အင်အားစုများက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။