Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုလ်မြို့သစ်အနီးကျေးရွာတွင် တိုက်ပွဲပြင်းထန်

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုကို လတ်တလောတွင် မသိရှိရသေးပဲ စစ်ရေးအခြေအနေများ ပိုမိုတင်းမာလာနိုင်ကြောင်း ဒေသခံများက ဆိုသည်။

ပုံ- ရွှေကုက္ကိုလ်-ထိကော်ထော-မော်ဖားသူး ကားလမ်း
ပုံ- ရွှေကုက္ကိုလ်-ထိကော်ထော-မော်ဖားသူး ကားလမ်း

ရွှေကုက္ကိုလ်မြို့ထဲဝင်ထွက်ခွင့် ပိတ်ထား

ကရင်ပြည်နယ် ရွှေကုက္ကိုလ်မြို့သစ်အနီး ထိကော်ထောကျေးရွာရှိ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့တို့ နေထိုင်ရာစခန်းကို ယနေ့ နံနက်က တော်လှန်ရေးပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ(၅)ရက် နံနက်(၅)နာရီအချိန်ခန့်တွင် ရွှေကုက္ကိုလ်မြို့သစ်အနီးပတ်ဝန်းရှိ ထိကော်ထော၊ ထီးချားရားနှင့် ထီးဝါးပလော ကျေးရွာများဘက်တွင်ရှိသည့် နယ်ခြားစောင့်တပ်(BGF)စခန်းများကို တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ငယ်ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” အခုထက်ထိ အသံတွေကြားနေရတုန်း။ တိုက်ပွဲဖြစ်တဲ့နေရာက ရွှေကုက္ကိုလ်နဲ့ သိပ်မဝေးဘူး နီးနီးလေးပါပဲ။ ရွှေကုက္ကိုလ်-ထိကော်ထော-မော်ဖားသူးသွားတဲ့လမ်းမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် ရွှေကုက္ကိုလ်မြို့အဝင်အထွက်နေရာများအားလုံးကို နယ်ခြားစောင့်တပ်(BGF)က ပိတ်ပစ်လိုက်ပြီး လုံခြုံရေးတိုးမြှင့်ထားကာ မြို့တွင်းရှိနေထိုင်သူများကိုလည်း အပြင်သို့ထွက်ခွါခွင့်မပြုကြောင်း BGF နှင့်နီးစပ်သူများက ပြောကြားသည်။

Public Service Announcement

Public Service Announcement

“ဒီမနက်က ထိကော်ထောမှာ တိုက်ပွဲဖြစ်တယ်။ ထိကော်ထောက ရွှေကုက္ကိုလ်နဲ့ သိပ်မဝေးဘူး။ ထီးချားရားနဲ့ ထီးဝါးပလောဘက်မှာလည်း ဖြစ်တယ်။ အခု ရွှေကုက္ကိုလ်မြို့ထဲမှာ ဘယ်သူ့ကိုမှ အပြင်ထွက်ခွင့် မပေးတော့ဘူး။ အဝင်အထွက်နေရာအားလုံးလည်း ပိတ်ထားလိုက်ပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုကို လတ်တလောတွင် မသိရှိရသေးပဲ စစ်ရေးအခြေအနေများ ပိုမိုတင်းမာလာနိုင်ကြောင်း ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။