Connect with us

Hi, what are you looking for?

News

ခရိုင်နှစ်ခုအတွင်းက BGF တွေ ကားအစီး ၆၀ ကျော်နဲ့ ရွှေကုက္ကိုလ်မြို့သစ်ဆီ ပြန်ဆုတ်ခွာ

ဖာပွန်နဲ့ သထုံမှာ တစ်နှစ်နီးပါးကြာ စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားပြီး ရွှေကုက္ကိုလ်မြို့သစ်ကို ပြန်ရောက်လာတဲ့ BGF တပ်နယ်(၃) လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို မနေ့ မေ ၁၀ ရက်က BGF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူနဲ့ ရွှေကုက္ကိုလ်ဒေသခံတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ BGF အသိုင်းအဝိုင်းထံကနေ သိရပါတယ်။

ကေအဲန်ယူ-မူတြော်ခရိုင်နဲ့ ဒူးသထူခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့အတူ စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ နယ်ခြားစောင့်တပ်(BGF) တပ်နယ်(၃) လက်အောက်ခံတပ်ဖွဲ့ဝင်တွေမနေ့က ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်မှာ ဖော်ပြထားပါတယ်။

တပ်မဟာ ၅ မူတြော်(ဖာပွန်)နဲ့ တပ်မဟာ ၁ ဒူးသထူ(သထုံ)ခရိုင်အတွင်းမှာ ၁ နှစ်နီးပါးကြာ စစ်ရေးဝင်ရောက်လှုပ်ရှားခဲ့တဲ့ ရွှေကုက္ကိုလ်အခြေစိုက် BGF တပ်နယ်(၃) တပ်ဖွဲ့ဝင်တွေဟာ ကားအစီး ၆၀ ကျော်နဲ့ မနေ့က အဲ့ဒီခရိုင်နှစ်ခုထဲကနေ ပြန်လည်ဆုတ်ခွာခဲ့တာပါ။

Public Service Announcement

ဖာပွန်နဲ့ သထုံမှာ တစ်နှစ်နီးပါးကြာ စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားပြီး ရွှေကုက္ကိုလ်မြို့သစ်ကို ပြန်ရောက်လာတဲ့ BGF တပ်နယ်(၃) လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို မနေ့ မေ ၁၀ ရက်က BGF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူနဲ့ ရွှေကုက္ကိုလ်ဒေသခံတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ BGF အသိုင်းအဝိုင်းထံကနေ သိရပါတယ်။

ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာတဲ့ BGF တပ်ဖွဲ့ဝင်တွေကို မိမိအနေနဲ့ဂုဏ်ယူကြောင်း၊ ကရင်လူမျိုးအချင်းချင်း ပြန်ပြီးမတိုက်ခိုက်ချင်ကြောင်း အစရှိတာတွေကို BGF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူက မိန့်ခွန်းပြောကြားသွားခဲ့တယ်လို့ BGF နဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖာပွန်ခရိုင်အတွင်းမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ BGF တပ်ဖွဲ့ဝင်တွေဟာ အကျအဆုံးများပြားခဲ့တယ်လို့ ပြီးခဲ့တဲ့လတွေတုန်းက BGF တပ်နယ်(၄)တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးစောမို့သိုက ပြောကြားထားတာရှိပါတယ်။

BGF နဲ့နီးစပ်သူတစ်ဦးရဲ့ပြောကြားချက်အရ ဖာပွန်ခရိုင် ကတိုင်တိဒေသမှာ အခြေစိုက်တဲ့ BGF ၁၀၁၃ တပ်ရင်းဟာ တပ်မဟာ ၅ နဲ့ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့စည်းပုံပျက်လုနီးပါးအထိ ဖြစ်သွားခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် BGF တပ်သားတွေဟာ တပ်ထဲကနေထွက်ပြေးပြီး KNLA တပ်မဟာ ၅ ထံ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်ခိုလှုံတာတွေလည်း ရှိနေတာလို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါသေးတယ်။

ဖာပွန်နဲ့ သထုံခရိုင်ထဲကနေ BGF တပ်နယ်(၃) ပြန်လည်ဆုတ်ခွာသွားခဲ့ပေမယ့် နယ်မြေခံတပ်ဖြစ်တဲ့ BGF တပ်နယ်(၁)ကတော့ အဲ့ဒီခရိုင်တွေထဲမှာ ကျန်ရှိနေသေးပြီး စစ်ကောင်စီတပ်နဲ့အတူ စစ်ရေးပူးပေါင်းမှုတွေ ရှိနေသေးတာဖြစ်ပါတယ်။

BGF တပ်နယ် ၁ တပ်နယ် ၂ တပ်နယ် ၃ နဲ့ တပ်နယ် ၄ လက်အောက်ခံတပ်တွေအားလုံးဟာ ဖာပွန်နဲ့ သထုံခရိုင်ထဲကို စစ်ဆင်ရေးဝင်ရောက်လှုပ်ရှားနေရတာဖြစ်ပြီး တပ်နယ် ၂ နဲ့ တပ်နယ် ၄ ကတော့ ကနဦးကတည်းက ပြန်လည်ဆုတ်ခွာသွားခဲ့တာဖြစ်လို့ အခုအခါမှာတော့ အဲ့ဒီခရိုင်ထဲမှာ BGF တပ်နယ် ၁ တစ်ခုတည်းကျန်ရှိခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။