Connect with us

Hi, what are you looking for?

News

ကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ ကုလမိန့်ခွန်းမှာ မြန်မာ့ဒီမိုကရေစီရေးထောက်ခံပြောကြားဖို့ Forbes ဆောင်းပါးရှင်တိုက်တွန်း

အာဏာရှင်ခေါင်းထောင်လာမှုကို ထင်ရှားစွာပြသနေတဲ့တစ်နေရာက မြန်မာနိုင်ငံဖြစ်ပြီး မြန်မာဟာ ဆယ်စုနှစ် များစွာ လူမဆန်တဲ့စစ်တပ်အုပ်ချုပ်ရေးနဲ့ စနစ်တကျကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားခဲ့ရပါ တယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီနေ့ တက်ရောက် အမှာစကားပြောကြားဖို့ရှိနေချိန်မှာ သူ့အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတွေကို ကူညီထောက်ပံ့ဖို့ လိုအပ်တယ်လို့ Forbes Magazine မှာ ဆောင်းပါးရှင် မိုက်ကယ်ပိုစနာက တိုက်တွန်းရေးသားလိုက်ပါတယ်။

ဂျိုးဘိုင်ဒင်ဟာ သမ္မတတာဝန်ယူချိန်ကစလို့ နိုင်ငံခြား ရေးမူဝါဒ မိန့်ခွန်းတွေအနက်အထင်ရှားဆုံးတစ်ခုအဖြစ် ပထမဆုံး အကြိမ်ကုလသမဂ္ဂစင်မြင့်မှာ ဒီနေ့ပြောကြားမှာဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ဟာ ကမ္ဘာတစ်ဝန်း အာဏာရှင်စနစ်ခေါင်းထောင်လာတာကြုံရချိန်မှာ ဒီမိုကရေစီကို ခုခံကာကွယ်ဖို့ ကတိပြုထားပါတယ်။

အာဏာရှင်ခေါင်းထောင်လာမှုကို ထင်ရှားစွာပြသနေတဲ့တစ်နေရာက မြန်မာနိုင်ငံဖြစ်ပြီး မြန်မာဟာ ဆယ်စုနှစ် များစွာ လူမဆန်တဲ့စစ်တပ်အုပ်ချုပ်ရေးနဲ့ စနစ်တကျကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားခဲ့ရပါ တယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံက အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ခိုင်ခိုင်မာမာပြသမယ်ဆိုရင် ကုလသမဂ္ဂ စင်မြင့်ပေါ်က သမ္မတ ဘိုင်ဒင်ရဲ့စကားလုံးတွေနဲ့ စတင်ရမှာဖြစ်ပြီး ဒါဟာ မြန်မာစစ်တပ်ကို ပိုမိုအထီးကျန်စေ ခြင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ အပြစ်ကင်းလွတ်ခွင့်ဆက်မပေးဘူးဆိုတဲ့ ရှင်းလင်းတဲ့သတင်းစကား ဖြစ်စေမှာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သမ္မတဘိုင်ဒင်ဟာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ဖို့၊ ဖမ်းဆီးခံနိုင်ငံ ရေးသမားအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ခံအစိုးရထံအာဏာပြန်လွှဲဖို့ စတာတွေကို တောင်းဆိုသင့် တယ်လို့ Forbes ဆောင်းပါးရှင်က တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံဟာ ဘိုင်ဒင်ရဲ့ ဒီမိုကရေစီအာဂျင်ဒါအတွက် အတိမ်းအစောင်းမခံတဲ့စမ်းသပ်ချက်ဖြစ်ပြီး အခြေခံမူ တွေကို သူ့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျယ်ကျန်ပြန့်ပြန့်ထောက်ခံထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။