Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်း – ဖယ်ခုံတိုက်ပွဲ ဆက်လက်ပြင်းထန်

စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက ပင်လောင်းမြို့နယ် မြောက်စလုံးကျေးရွာအနီး စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီးနောက် တိုက်ပွဲမှာ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

(ရှမ်း-ကယား နယ်စပ်တိုက်ပွဲမှ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(ရှမ်း-ကယား နယ်စပ်တိုက်ပွဲမှ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မိုးဗြဲ PDF)

▪️စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေ

ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်း – ဖယ်ခုံတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အထိနာနေသည့် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက ပင်လောင်းမြို့နယ် မြောက်စလုံးကျေးရွာအနီး စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီးနောက် တိုက်ပွဲမှာ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

“ဒီလ ၄ ရက်နေ့က တိုက်ပွဲက တနေကုန်ဖြစ်တာပေါ့။ နောက် မနေ့ကလည်း သူတို့ဘက်က လေကြောင်းပစ်ကူ ပါပေးရတယ်။လောလောဆယ် ဒီနေ့အထိလည်း မြေပြင်စစ်ရေးက အချိန်မရွေးဖြစ်လာဖို့ရှိတယ်”ဟု အလယ်ပိုင်းတိုင်း အမှတ်(၁၁၀၂)တပ်ရင်း တာဝန်ရှိသူက ပြောသည်။

အလားတူ ဖယ်ခုံစစ်မျက်နှာသို့ စစ်ကောင်စီက စကခ (၂)လက်အောက်မှ ခလရ (၂၄၀)နှင့်(၂၄၇) တပ်ရင်း နှစ်ရင်း ထပ်တိုးအားဖြည့်လာကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

“ခလရ (၂၄၀ ၊ ၂၄၇)တို့ ထပ်ရောက်လာတယ်လို့ ကနဦး သိရတယ်။ဒါကြောင့် ရှေ့ဆက်တိုက်ပွဲ ပိုပြင်းထန်ဖို့ပဲရှိတယ်”ဟု ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက အသိပေးသည်။

ဖေဖော်ဝါရီ ၂၄ ရက်ကစ၍ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှတဆင့် ဖယ်ခုံမြို့ ဘက်ခြမ်းသို့ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)ပူးပေါင်းတပ်က စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

အလားတူ ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာ (၅)ခု ဖွင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ် ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းအား KA၊ KNDF/B03၊ KNDF/B11၊ KNDF/B22 နှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်ကြသော Pekhon-PDF၊ Mobye-PDF၊ DMO-PDF၊ ပအိုဝ်းအမျိုးသားကာ ကွယ်ရေးတပ်(PNDF) နှင့် အခြားမဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်လျက် ရှိသည်။

တစ်လကျော်အတွင်း ရှမ်း-ကရင်နီ(ကယား) ပြည််နယ်အစပ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၂၀၀ကျော် သေဆုံးပြီး ၁၀၀ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း မိုးဗြဲ PDF တပ်ရင်း(၂) က မတ်လ ၃၀ရက်က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကောင်စီအားခုခံတိုက်ခိုက်နေသည့် ကရင်နီတပ်ပေါင်းစုမှ ရဲဘော် ၁၂ဦးကျဆုံးကာ ၁၅ဦး ဒဏ်ရာရရှိခဲ့သည်။

မတ်လအတွင်းက ပင်လောင်းမြို့နယ်ရှိ တောင်မဲသင်း၊ ဘောရမ်၊ နန်းနိမ် နှင့် လုံးပျဉ်ကျေးရွာများ၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများ၊ ဖယ်ခုံမြို့အစပ် ရွှေပြည်အေးရပ်ကွက်တို့တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားသော မြို့နယ်များအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၆၆)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံ နယ်စပ်တိုက်ပွဲများ နှင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်း အများဆုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။