Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်လောင်း – ဖယ်ခုံတိုက်ပွဲ ဆက်လက်ပြင်းထန်

စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက ပင်လောင်းမြို့နယ် မြောက်စလုံးကျေးရွာအနီး စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီးနောက် တိုက်ပွဲမှာ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

(ရှမ်း-ကယား နယ်စပ်တိုက်ပွဲမှ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(ရှမ်း-ကယား နယ်စပ်တိုက်ပွဲမှ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မိုးဗြဲ PDF)

▪️စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေ

ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်း – ဖယ်ခုံတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အထိနာနေသည့် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက ပင်လောင်းမြို့နယ် မြောက်စလုံးကျေးရွာအနီး စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီးနောက် တိုက်ပွဲမှာ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

“ဒီလ ၄ ရက်နေ့က တိုက်ပွဲက တနေကုန်ဖြစ်တာပေါ့။ နောက် မနေ့ကလည်း သူတို့ဘက်က လေကြောင်းပစ်ကူ ပါပေးရတယ်။လောလောဆယ် ဒီနေ့အထိလည်း မြေပြင်စစ်ရေးက အချိန်မရွေးဖြစ်လာဖို့ရှိတယ်”ဟု အလယ်ပိုင်းတိုင်း အမှတ်(၁၁၀၂)တပ်ရင်း တာဝန်ရှိသူက ပြောသည်။

အလားတူ ဖယ်ခုံစစ်မျက်နှာသို့ စစ်ကောင်စီက စကခ (၂)လက်အောက်မှ ခလရ (၂၄၀)နှင့်(၂၄၇) တပ်ရင်း နှစ်ရင်း ထပ်တိုးအားဖြည့်လာကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

“ခလရ (၂၄၀ ၊ ၂၄၇)တို့ ထပ်ရောက်လာတယ်လို့ ကနဦး သိရတယ်။ဒါကြောင့် ရှေ့ဆက်တိုက်ပွဲ ပိုပြင်းထန်ဖို့ပဲရှိတယ်”ဟု ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက အသိပေးသည်။

ဖေဖော်ဝါရီ ၂၄ ရက်ကစ၍ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှတဆင့် ဖယ်ခုံမြို့ ဘက်ခြမ်းသို့ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)ပူးပေါင်းတပ်က စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

အလားတူ ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာ (၅)ခု ဖွင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ် ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းအား KA၊ KNDF/B03၊ KNDF/B11၊ KNDF/B22 နှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်ကြသော Pekhon-PDF၊ Mobye-PDF၊ DMO-PDF၊ ပအိုဝ်းအမျိုးသားကာ ကွယ်ရေးတပ်(PNDF) နှင့် အခြားမဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်လျက် ရှိသည်။

တစ်လကျော်အတွင်း ရှမ်း-ကရင်နီ(ကယား) ပြည််နယ်အစပ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၂၀၀ကျော် သေဆုံးပြီး ၁၀၀ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း မိုးဗြဲ PDF တပ်ရင်း(၂) က မတ်လ ၃၀ရက်က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကောင်စီအားခုခံတိုက်ခိုက်နေသည့် ကရင်နီတပ်ပေါင်းစုမှ ရဲဘော် ၁၂ဦးကျဆုံးကာ ၁၅ဦး ဒဏ်ရာရရှိခဲ့သည်။

မတ်လအတွင်းက ပင်လောင်းမြို့နယ်ရှိ တောင်မဲသင်း၊ ဘောရမ်၊ နန်းနိမ် နှင့် လုံးပျဉ်ကျေးရွာများ၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများ၊ ဖယ်ခုံမြို့အစပ် ရွှေပြည်အေးရပ်ကွက်တို့တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားသော မြို့နယ်များအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၆၆)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံ နယ်စပ်တိုက်ပွဲများ နှင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်း အများဆုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။