Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး ကျောင်းသားလူငယ်များ ချီတက် ဆန္ဒပြ

ယင်းသပိတ်ကို တကသကျောင်းသားများ၊ OCTOPUS မြို့နယ်ပေါင်းစုံ သပိတ်စစ်ကြောင်းများပူးပေါင်း၍ ပြုလုပ်ခြင်း ဖြစ်ပြီး “ခွပ်ဒေါင်းတွန်သံ မိုးသို့ညံ အဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွှဲ” ဆိုသည့် ပိုစတာကိုင်ဆောင်ကာ စစ်အာဏာရှင်ချေမှုန်းရေးအတွက် ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ယနေ့ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း၌ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေးအတွက် ကျောင်းသားလူငယ်များက ဦးဆောင်၍ ပြောက်ကြားသပိတ်အဖြစ် ချီတက်ဆန္ဒပြကြသည်။

ယင်းသပိတ်ကို တကသကျောင်းသားများ၊ OCTOPUS မြို့နယ်ပေါင်းစုံ သပိတ်စစ်ကြောင်းများပူးပေါင်း၍ ပြုလုပ်ခြင်း ဖြစ်ပြီး “ခွပ်ဒေါင်းတွန်သံ မိုးသို့ညံ အဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွှဲ” ဆိုသည့် ပိုစတာကိုင်ဆောင်ကာ စစ်အာဏာရှင်ချေမှုန်းရေးအတွက် ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်အချို့က ၎င်းတို့၏ အကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို လုယူ သိမ်းပိုက်ထားသည်မှာ ရက်ပေါင်း ၂၃၃ ရက်ရှိပြီဖြစ်သည်။ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး အတွက် နိုင်ငံတစ်ဝန်းမှ ပြည်သူများက အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်သော ဖိနှိပ်မှုများကြားမှ ပုံစံမျိုးစုံဖြင့် နေ့စဥ်ရက်ဆက်ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ရက်ပေါင်း ၂၃၀ ရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။