Connect with us

Hi, what are you looking for?

သတင်း

စစ်​ရေးပြင်းထန်​နေ​သော်လည်း ကရင်နီပြည်နယ်ရှိကရင်နီအမျိုးသားကောလိပ်ဘွဲ့ အပ်နှင်းပွဲပြုလုပ်

အဆိုပါကောလိပ် တက်ရောက်ပြီးစီးခဲ့သည့်ကျောင်းသား ကျောင်းသူအများစုသည် ကရင်နီလူမှုအသိုင်းအဝိုင်း၌ကျောင်းဆရာ၊ အမျိုးသမီး၊ လူငယ်၊ ကျန်းမာရေးစသည့် နယ်ပယ်များ၌ ပြန်လည်ကူညီနေကြောင်း၊ ယင်းအနက်ပညာသင်ဆုရရှိပြီး တက္ကသိုလ် ပညာရေးဆက်လက်သင်ယူနေသူများရှိကြောင်း ကန္တာရ၀တီတိုင်း(မ်)က ဖော်ပြသည်။

(ကရင်နီအမျိုးသားကောလိပ် ကျောင်းသား၊ကျောင်းသူ ၁၁၅ဦး ဘွဲ့အပ်နှင်းခြင်းနှင့် ကျောင်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ - KnIC)
(ကရင်နီအမျိုးသားကောလိပ် ကျောင်းသား၊ကျောင်းသူ ၁၁၅ဦး ဘွဲ့အပ်နှင်းခြင်းနှင့် ကျောင်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ - KnIC)

ကရင်နီပြည်နယ်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား​နေ​သော်လည်း ကရင်နီအမျိုးသားကောလိပ်ကျောင်းမှ ယခုနှစ် ပညာသင်နှစ်၌ ကျောင်းပြီးမြောက်ခဲ့သည့် ကျောင်းသားကျောင်းသူများ၏ ဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ကျောင်းဆင်းပွဲကို ယနေ့( ဧပြီ ၆ရက်) ပြုလုပ်ခဲ့ကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ သတင်းနှင့်ပြန်ကြားရေးဌာန KNICက ထုတ်ပြန်သည်။

ကရင်နီအမျိုးသားကောလိပ်ကျောင်းမှယခု (၂၀၂၂-၂၀၂၃ )ပညာသင်နှစ်၌ ကွန်ပျူတာအထူးပြုဘာသာရပ် ၂၁ဦး၊ လူမှုဖွံ့ဖြိုးရေး အထူးပြု ကျောင်းသား ၃၀ ဦး၊ လူမှုရေးသိပ္ပံ အထူးပြု ၃၀ ဦး ၊ အထွေထွေသိပ္ပံ အထူးပြု ၃၄ ဦး စုစုပေါင်း ၁၁၅ဦး တို့သည်ယနေ့ ကျောင်းပြီးမြောက်သွားပြီဟု ဖော်ပြကာ ဘွဲ့ပေးအပ်မှု အခမ်းအနားဓာတ်ပုံမှတ်တမ်းများနှင့်တစ်ကွ ​ဖော်ပြသည်။

(ကရင်နီအမျိုးသားကောလိပ် ကျောင်းသား၊ကျောင်းသူ ၁၁၅ဦး ဘွဲ့အပ်နှင်းခြင်းနှင့် ကျောင်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ - KnIC)
(ကရင်နီအမျိုးသားကောလိပ် ကျောင်းသား၊ကျောင်းသူ ၁၁၅ဦး ဘွဲ့အပ်နှင်းခြင်းနှင့် ကျောင်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ – KnIC)

အဆိုပါအခမ်းအနားကို မြန်မာ- ထိုင်းနယ်စပ်ရှိကရင်နီဒုက္ခသည်စခန်း အမှတ်(၁)၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကရင်နီဒေသအခြေစိုက် ကန္တာရ၀တီတိုင်း(မ်)က ဖော်ပြသည်။အဆိုပါ ကရင်နီပညာရေးဌာန လက်အောက်ရှိသည့် ကျောင်းကို ၁၉၉၅ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၈ နှစ်တာအတွင်း ကျောင်းသားကျောင်းသူ နှစ်ထောင်ကျော် တက်ရောက်ပြီးစီးခဲ့သည်ဟုသိရသည်။

(ကရင်နီအမျိုးသားကောလိပ် ကျောင်းသား၊ကျောင်းသူ ၁၁၅ဦး ဘွဲ့အပ်နှင်းခြင်းနှင့် ကျောင်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ - KnIC)
(ကရင်နီအမျိုးသားကောလိပ် ကျောင်းသား၊ကျောင်းသူ ၁၁၅ဦး ဘွဲ့အပ်နှင်းခြင်းနှင့် ကျောင်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ – KnIC)

အဆိုပါကောလိပ် တက်ရောက်ပြီးစီးခဲ့သည့်ကျောင်းသား ကျောင်းသူအများစုသည် ကရင်နီလူမှုအသိုင်းအဝိုင်း၌ကျောင်းဆရာ၊ အမျိုးသမီး၊ လူငယ်၊ ကျန်းမာရေးစသည့် နယ်ပယ်များ၌ ပြန်လည်ကူညီနေကြောင်း၊ ယင်းအနက်ပညာသင်ဆုရရှိပြီး တက္ကသိုလ် ပညာရေးဆက်လက်သင်ယူနေသူများရှိကြောင်း ကန္တာရ၀တီတိုင်း(မ်)က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(ကရင်နီအမျိုးသားကောလိပ် ကျောင်းသား၊ကျောင်းသူ ၁၁၅ဦး ဘွဲ့အပ်နှင်းခြင်းနှင့် ကျောင်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ - KnIC)
(ကရင်နီအမျိုးသားကောလိပ် ကျောင်းသား၊ကျောင်းသူ ၁၁၅ဦး ဘွဲ့အပ်နှင်းခြင်းနှင့် ကျောင်းဆင်းပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ – KnIC)

ကရင်နီပြည်နယ်ကို စစ်​ကောင်စီတပ်က ​ဖေ​ဖော်ဝါရီလကုန်ပိုင်းမှ စ၍ အင်အား​ထောင်ချီ အသုံးပြု၍ စစ်မျက်နှာ ​၄ ခုမှ စစ်​ကြောင်း ၁၂ ​ကြောင်းဖြင့် အကြီးအကျယ်ထိုးစစ်ဆင်​နေသည်။သို့​သော် KNDF ၊ KA ၊​ဒေသခံPDF စ​သော ကရင်နီ ပူး​ပေါင်းတပ်များက စနစ်တကျခုခံတိုက်ခိုက်​နေသဖြင့် စစ်တပ် အကြီးအကျယ်အထိနာနေသည်။ ကရင်နီပြည်တွင် ယခင်ရှိ​နေ​သော စစ်သား ၂၀၀၀ အပြင် စစ်သား ၃၂၀၀ ထပ်တိုး၍ ထိုးစစ်ဆင်​နေရာ မတ်လအတွင်းတိုက်ပွဲ အကြိမ်​ရေ ၁၀၀ ​​ကျော်ဖြစ်ပွားခဲ့သည်။ သို့​သော် တိုက်ပွဲ အများစုစုတပ်အထိနာပြီး မတ်လအတွင်းမှာပင် စစ်သား ၂၈၁ ဦး​သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။စစ်တပ်က အထိနာ၍ ​လေ​ကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ကူမှုကို အဓိကပြုလုပ်​နေသည်။ မတ်လ တိုက်ပွဲများတွင် KNDF တပ်ဖွဲ့ဝင် ၁၂ ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။