Connect with us

Hi, what are you looking for?

သတင်း

မန္တလေးက အညာသားကြီးအထည်ဆိုင်မိသားစု ဖမ်းခံရပြီး အိမ်ကိုပါ စစ်ကောင်စီချိတ်ပိတ်

မိသားစု ၃ ဦးကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက် ဖမ်းဆီးတာဖြစ်ပြီး အောင်မြေသာဇံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်က နေအိမ်ကို မနေ့ ဧပြီလ ၅ ရက် လာရောက်ချိတ်ပိတ်သွားတာပါ။

မန္တလေးက အညာသားကြီးအထည်ဆိုင်မိသားစု ဖမ်းခံရပြီး အိမ်ကိုပါ စစ်ကောင်စီချိတ်ပိတ်
မန္တလေးက အညာသားကြီးအထည်ဆိုင်မိသားစု ဖမ်းခံရပြီး အိမ်ကိုပါ စစ်ကောင်စီချိတ်ပိတ်

မန္တလေးမြို့မှာ လူသိများတဲ့ အညာသားကြီး အထည်ဆိုင်ပိုင်ရှင် မိသားစု ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပြီး နေအိမ်ကိုလည်းချိတ်ပိတ်လိုက်တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မိသားစု ၃ ဦးကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက် ဖမ်းဆီးတာဖြစ်ပြီး အောင်မြေသာဇံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်က နေအိမ်ကို မနေ့ ဧပြီလ ၅ ရက် လာရောက်ချိတ်ပိတ်သွားတာပါ။

ဖမ်းခံရသူ ၃ ဦးဟာ အညာသားကြီးအထည်ဆိုင်ပိုင်ရှင် လင်မယားနဲ့သမီးတို့ဖြစ်တယ်လို့ သိရပါတယ်။

အထည်ဆိုင်ပိုင်ရှင် ကိုကောင်းကျော်ဇံ ၊ ဇနီး မမာလာဝေ နဲ့ သမီး မမိုးသီတာထွန်း တို့ကိုဖမ်းဆီးထားတယ်လို့ လည်း စစ်ကောင်စီလော်ဘီ ဖေ့ဘွတ်ခ်တွေမှာဖော်ပြကြတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

PDF ကို ငွေကြေးထောက်ပံ့တဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးတာလို့လည်း စစ်ကောင်စီလော်ဘီ လူမှုကွန်ရက်တွေက သတင်းဖြန့်ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာပဲ မန္တလေးမှာ NUG ချိတ်ဆက်ပြီး အွန်လိုင်းကနေ စာသင်လို့ဆိုကာ အမျိုးသမီး ၁၃ ဦးအပါအဝင် ၁၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။