Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ် နှစ်ရက်ဆက်တိုက်ပွဲစစ်သား ၄၀ခန့်​သေ

စစ်ကောင်စီဘက်မှ သေဆုံးနှင့် ဒဏ်ရာရသူများကို နာ ရေးကားတစ်စီး၊ စစ်ကားတစ်စီးဖြင့် အင်းတော်မြို့တပ်ကုန်းထဲသို့ သယ်ဆောင်သွားပြီး သေဆုံးသူများအား တပ်ကုန်းထဲတွင် သင်္ဂြိုလ်ကာ ဒဏ်ရာရသူများကိုလည်း ၎င်းတပ်ဝန်းထဲတွင် ဆေးကုသနေသည်ဟုသိရသည်။

(KIA တပ်ဖွဲ့ဝင်တစ်ဦးနှင့် KPDF တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-KPDF)
(KIA တပ်ဖွဲ့ဝင်တစ်ဦးနှင့် KPDF တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-KPDF)

▪︎KIA၊KPDFရဲ​​ဘော်လေးဦးကျဆုံး ၊စစ်တပ်က​အထိနာ၍လေ​ကြောင်းမှစစ်ကူ​ပေးတိုက်ပွဲဆက်လက်ပြင်းထန်​​

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်​ကြောင်းထိုးလာ​သောစစ်ကောင်စီတပ်ကိုကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် KPDF ပူးပေါင်းအဖွဲ့​တွေက နှစ်ရက်ဆက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၄၀)ဦးခန့် ထိခိုက်သေဆုံးကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက People’s Spring သတင်းဌာနသို့ ပြောသည်။

အင်းတော်မြို့အနောက်ဘက် ၈မိုင်ခန့်အကွာ နံ့သာရွာတွင် ရက်ပေါင်း၂၀ကျော်ကြာ တပ်စွဲထားသော စစ်ကောင်စီတပ်ကစစ်​ကြောင်းထိုးလာစဥ် KIA၊KPDFပူးပေါင်းအဖွဲ့များတိုက်ခိုက်ရာမှ ဧပြီ ၆ ရက် နှင့် ၇ ရက်တို့တွင် ၂ ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ ပအဖ၊ပကဖ စိုးမိုးနယ်မြေကို စစ်ကောင်စီ က ဝင်လာပြီး တပ်စွဲတာပေါ့။တပ်မ ၇၇ လက်အောက်ခံတပ်ရင်း အသစ်ပဲ။အတိအကျတော့ နယ်မြေ မရှင်းရသေးတော့ မသိရသေးဘူး။နောက်ပြီး သူတို့ဘက်က အင်အား ထပ်တိုးလာနေတာရှိတော့ တိုက်ပွဲက ပြင်းထန်လာဖို့ရှိတယ်”ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(KIA တပ်ဖွဲ့ဝင်တစ်ဦးနှင့် KPDF တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-KPDF)
(KIA တပ်ဖွဲ့ဝင်တစ်ဦးနှင့် KPDF တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-KPDF)

ဧပြီ ၆ ရက်က နန့်သာရွာမှ မော်တိတ်ရွာဘက်သို့ အင်အား (၁၀၀)ကျော်ဖြင့် စစ် ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KIA၊ KPDF ပူးပေါင်းတပ်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိအပါအဝင် (၃၀)ဦးနီးပါး သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့မှ KIA ရဲဘော်နှစ်ဦးနှင့် KPDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အလားတူ ဧပြီ ၇ ရက်နေ့တွင်လည်း နံနက် ၇ နာရီခန့်ကစပြီး နံ့သာရွာအနီးတွင် ဆက်လက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာစစ်ကောင်စီဘက်မှ (၁၀)ဦးခန့်ထပ်မံသေဆုံးကာ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ KPDF ရဲဘော်တစ်ဦး ထပ်မံ ကျဆုံးခဲ့ကြောင်း ဖော်ပြသည်။

“စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုကို နာရေးကားအပါ အဝင် စစ်ကားတစ်စီးနဲ့သယ်ထုတ်နေတာ မျက်မြင်တွေ့ရတာရှိတယ်။ ပြီးတော့ တိကျသေချာတဲ့ ကျနော်တို့ အ တွင်းလူထံက အတည်ပြုနိုင်ခဲ့တာလည်းရှိပါတယ်။ သူတို့ဘက်က သေဆုံးစာရင်းမှာ အရာရှိတစ်ဦးပါတယ်သိရပေမယ့် ဘယ်အဆင့်လဲဆိုတာကိုတော့ မသိရသေးပါဘူး”ဟုအင်း​တော်​ဒေသစစ်​ရေးသတင်းများထုတ်ပြန်​ပေး​နေ​သော IR Team မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

စစ်ကောင်စီဘက်မှ သေဆုံးနှင့် ဒဏ်ရာရသူများကို နာ ရေးကားတစ်စီး၊ စစ်ကားတစ်စီးဖြင့် အင်းတော်မြို့တပ်ကုန်းထဲသို့ သယ်ဆောင်သွားပြီး သေဆုံးသူများအား တပ်ကုန်းထဲတွင် သင်္ဂြိုလ်ကာ ဒဏ်ရာရသူများကိုလည်း ၎င်းတပ်ဝန်းထဲတွင် ဆေးကုသနေသည်ဟုသိရသည်။

အခြားအင်းတော် PDF တစ်ဦးကလည်း”လက်နက်ခဲယမ်းတော့ မရဘူးဗျ။ ကျနော်တို့ နည်းနည်းတိုက်ပွဲပြင်းထန်နေတော့ နယ်မြေရှင်းလင်းလို့မရသေးဘူး” ဟုပြောသည်။

ထိုအပြင် ဧပြီ ၈ ရက်တွင် စစ်​ကြောင်းတွင် ကျန်ရှိ​​နေ​သော အင်အား (၅၀)ခန့်သည် နံ့သာရွာမှတဆင့် အောင်းကုန်ရွာဘက်သို့ ရောက်ရှိနေပြီး တပ်ကူရောက်လာသော စစ်သား (၈၀) ခန့်မှာ သက္ကယ်ကျင်းရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

” တိုက်ပွဲက အင်းတော်နှင့် ဗန်းမောက်ကြားမှာဖြစ်နေတာပါ။ စစ်တပ်ဘက်က တော်တော် အထိနာပြီး လေကြောင်းကနေ ပစ်ပါတယ်။ ဒီနေ့လည်း တိုက်ပွဲဆက်နေပါတယ်” ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော်တစ်ဦးကလည်းပြောသည်။

နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သော နံ့သာရွာတွင် စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ရက် (၂၀)ခန့်ကတည်းက လာရောက်တပ်စွဲနေခြင်းကြောင့်နံသာရွာအပါအဝင်အောင်းကုန်း၊ အင်ပင်၊ မော်တိတ်၊ ရွာသာယာရွာစသည့်ကျေးရွာများမှ ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်​ဘေး​ရှောင်​နေ​သော ​ဒေသခံတစ်ဦးကလည်း “ရွာမပြန်နိုင်တာကြာနေပြီ။ ရွာကိုလည်း မွှေနှောက်ဖျက်ဆီးထားတယ်ကြားတယ်။ စစ်ကြောင်းထွက်သွားမှ ပြန်လို့ရမယ်”ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။