Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ ဆက်ဆံရေး တင်းမာနေချိန် အရှေ့အလယ်ပိုင်း ဒေသကို အမေရိကန် ရေငုပ်သင်္ဘောစေလွှတ်

အမေရိကန် ရေတပ်ဟာ ရေငုပ်သင်္ဘောတွေရဲ့ တည်နေရာနဲ့ ခရီးစဉ်တွေကို လူသိရှင်ကြား ထုတ်ပြောတာမျိုး အရမ်းနည်းပါတယ်။ ဟော့ကင်စ်က အဲဒီ ရေငုပ်သင်္ဘောရဲ့ စစ်ဆင်ရေး ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေကိုတော့ ထုတ်ပြောဖို့ ငြင်းဆိုထားပါတယ်။

အီရန်နဲ့ ဆက်ဆံရေး တင်းမာနေချိန် အရှေ့အလယ်ပိုင်း ဒေသကို အမေရိကန် ရေငုပ်သင်္ဘောစေလွှတ်
အီရန်နဲ့ ဆက်ဆံရေး တင်းမာနေချိန် အရှေ့အလယ်ပိုင်း ဒေသကို အမေရိကန် ရေငုပ်သင်္ဘောစေလွှတ်

အီရန်နဲ့ ဆက်ဆံရေး ပိုမိုတင်းမာလာတဲ့ အခြေအနေမှာ အမေရိကန် ရေတပ်ဟာ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘော တစ်စီးကို အရှေ့အလယ်ပိုင်းဒေသ ရေပြင်ဆီ ပို့ဆောင်ထားလိုက်ပါတယ်။

ပင်လယ်ကွေ့ ဒေသက ဘာရိန်းနိုင်ငံနားမှာ ဖြန့်ကျက်ထားတဲ့ အမှတ် ၅ ရေတပ်မရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တင်မိုသီ ဟော့ကင်စ်က မြေပြင် ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ Tomahawk ပဲ့ထိန်းဒုံးကျည် ၁၅၄ စီးထိ တင်ဆောင်နိုင်တဲ့ နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော တစ်စီးဟာ ဆူးအက်ဇ် တူးမြောင်းကိုဖြတ်ပြီး အရှေ့အလယ်ပိုင်း ဒေသဆီ ဦးတင် ဝင်ရောက်ခဲ့တယ်လို့ အတည်ပြုသွားပါတယ်။

အမေရိကန် ရေတပ်ဟာ ရေငုပ်သင်္ဘောတွေရဲ့ တည်နေရာနဲ့ ခရီးစဉ်တွေကို လူသိရှင်ကြား ထုတ်ပြောတာမျိုး အရမ်းနည်းပါတယ်။ ဟော့ကင်စ်က အဲဒီ ရေငုပ်သင်္ဘောရဲ့ စစ်ဆင်ရေး ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေကိုတော့ ထုတ်ပြောဖို့ ငြင်းဆိုထားပါတယ်။

နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်ပြီး အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ပြည်နယ်က ကင်းစ်ဘေး ရေတပ်စခန်းမှာ အခြေစိုက်တဲ့ ရေငုပ်သင်္ဘောဟာ အခု သီတင်းပတ်ကုန်မှာ အရှေ့အလယ်ပိုင်း ဒေသကို ရေပြင်ဆီ ရောက်ရှိပြီး ဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ကူညီ ထိန်းသိမ်းသွားမယ်လို့ ဟော့စ်ကင်စ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Tomahawkတွေဟာ အမေရိကန်ရဲ့ အစွမ်းအထက်ဆုံး ပဲ့ထိန်းဒုံးကျည် အမျိုးအစားတွေထဲက တစ်ခုပါ။ ရေငုပ်သင်္ဘော၊ ဒါမှမဟုတ် သင်္ဘောတွေက ပစ်လွှတ်လိုက်တဲ့ Tomahawkတွေဟာ ကီလိုမီတာ ၂၅၀၀ လောက် အကွာက ပစ်မှတ်ကို အမှားအယွင်းမရှိ ချေမှုန်းနိုင်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက အီရတ်ကို အမေရိကန်က ထိုးစစ်ဆင် တိုက်ခိုက်တဲ့ အစောပိုင်း ကာလတွေမှာ Tomahawkတွေကို အလုံးအရင်း ပစ်လွှတ်ပြီး ရန်သူ့ ခံစစ်ကြောင်းတွေကို ချေမှုန်းခဲ့ဖူးပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား ဆက်ဆံရေး တင်းမာမှုတွေဟာ ၂၀၁၅ ခုနှစ်မှာ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်က အီရန် နျူကလီးယား ထိန်းချုပ်ရေး သဘောတူ စာချုပ်ကနေ နုတ်ထွက်ခဲ့တဲ့ ကိစ္စနောက်ပိုင်း ဆက်တိုက် ဆိုးရွားလာနေခဲ့ပြီး အီရန်ကလည်း နျူကလီးယား နည်းပညာ သုတေသန လုပ်ငန်းတွေကို ပြန်လည် အရှိန်မြှင့်တင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။