Connect with us

Hi, what are you looking for?

သတင်း

ဘုံရန်သူစစ်ကောင်စီအား အပြီးသတ်ချေမှုန်းနိုင်ရေး ညီညွတ်စွာကြိုးစားရမည်ဟု NUG ကာကွယ်ရေး AAထံ သဝဏ်လွှာပို့

ယနေ့ ကျရောက်သည့် AA ဖွဲ့စည်းတည်ထောင်ခြင်း (၁၄)နှစ်မြောက် အခမ်းအနားသို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)
ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

ဘုံရန်သူစစ်ကောင်စီအား အပြီးသတ်ချေမှုန်းနိုင်ရန် အားလုံးအတူတကွ စုစည်းညီညွတ်စွာဖြင့် ရုန်းကန်ဖောက်ထွက် ကြိုးစားကြရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ရက္ခိုင့်တပ်တော်(AA)ထံ သဝဏ်လွှာပေးပို့သည်။

ယနေ့ ကျရောက်သည့် AA ဖွဲ့စည်းတည်ထောင်ခြင်း (၁၄)နှစ်မြောက် အခမ်းအနားသို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

(၁၄)နှစ်တာတော်လှန်ရေး ခရီးကြမ်းအတွင်း အသက်အိုးအိမ်၊ စည်းစိမ်၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ပေးလှူခဲ့ကြသည့် ရက္ခိုင်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင် ပြည်သူလူထု တစ်ရပ်လုံးကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ်ကြောင်း ဖော်ပြသည်။

ယနေ့ တိုင်းပြည်တဝှမ်း ဆင်နွှဲလျက်ရှိသည့် နွေဦးတော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်မှုတွင် AA အနေဖြင့် အဖိနှိပ်ခံ ပြည်သူလူထုနှင့်အတူ ရပ်တည်ပြီး ဘုံရန်သူများအ ပြင်းထန်စွာခုခံတွန်းလှန်နေသည့်အပြင် တော်လှန်ရေး အင်အားစုများကိုလည်း လက်တွဲညီ ပံ့ပိုးပေးလျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင် ပြည်သူလူထု ၏ နိုင်ငံရေး၊ အမျိုးသားရေး မျော်မှန်းချက်များကိုလည်း တစ်ပါတည်းအပြည့်အ၀အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါစေဟုလည်း သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။