Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အတူလက်တွဲဆောင်ရွက်ရန် ယာယီသမ္မတက AA ခေါင်းဆောင်အား ဖိတ်ခေါ်

ယနေ့ ဧပြီ ၁၀ရက်ကျရောက်သည့် AA ဖွဲ့စည်းတည်ထောင်မှု (၁၄)နှစ်ပြည့် အထိမ်းအမှတ်နေ့အတွက် ယာယီသမ္မတက ၎င်း၏ လက်ရေးမူဖြင့် စာရေးပြောကြားလိုက်ခြင်းဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အတူလက်တွဲဆောင်ရွက်ရန် ယာယီသမ္မတက AA ခေါင်းဆောင်အား ဖိတ်ခေါ်
ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အတူလက်တွဲဆောင်ရွက်ရန် ယာယီသမ္မတက AA ခေါင်းဆောင်အား ဖိတ်ခေါ်

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အတူလက်တွဲဆောင်ရွက်ရန် ဆန္ဒပြုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ထံသို့ စာရေးသားပြောကြားလိုက်သည်။

ယနေ့ ဧပြီ ၁၀ရက်ကျရောက်သည့် AA ဖွဲ့စည်းတည်ထောင်မှု (၁၄)နှစ်ပြည့် အထိမ်းအမှတ်နေ့အတွက် ယာယီသမ္မတက ၎င်း၏ လက်ရေးမူဖြင့် စာရေးပြောကြားလိုက်ခြင်းဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အတူလက်တွဲဆောင်ရွက်ရန် ယာယီသမ္မတက AA ခေါင်းဆောင်အား ဖိတ်ခေါ်
ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အတူလက်တွဲဆောင်ရွက်ရန် ယာယီသမ္မတက AA ခေါင်းဆောင်အား ဖိတ်ခေါ်

“ယနေ့ ကျရောက်သော ရက္ခိုင့်တပ်တော် နှစ်ပတ် လည်နေ့နှင့်အတူ ရက္ခိုင်အမျိုးသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အပြည့်အ၀ ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တရပ် ထူထောင်နိုင်ရန် အတူလက်တွဲ ဆောင်ရွက်နိုင်ဖို့ ဆန္ဒပြုအပ်ပါတယ်”ဟု ယာယီသမ္မတ၏ စာ၌ ဖော်ပြထားသည်။

(၁၄)နှစ်တာအတွင်း AA၏ ပေးဆပ်ခဲ့မှုများနှင့် အတူ ယနေ့ ရက္ခိုင်အမျိုးသားတရပ်လုံး အားကိုးယုံကြည်ရတဲ့ ရက္ခိုင့်တပ်တော် အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းသည် ဂုဏ်ယူစရာဖြစ်ကြောင်း ယာယီသမ္မတက ဆိုသည်။

Public Service Announcement

Public Service Announcement

AAတပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ယာယီသမ္မတ၏ လက်ရေးမူဖြင့် ရေးသားပေးပို့သည့် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ကောင်းမွန်စွာ လက်ခံရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း စာပြန်ပို့ခဲ့သည်။

AAသည် လတ်တလောတွင် စစ်ကောင်စီတပ်နှင့် အပစ်ရပ်စဲရေးလုပ်ဆောင်ထားသည့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

လက်ရှိအချိန်တွင် ဘုံရန်သူစစ်ကောင်စီကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် အတူတကွ ကြိုးစားရမည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက AAထံသို့ သဝဏ်လွှာပေးပို့ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။