Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးခရီး၌ ပေးဆပ်အနစ်နာခံရမှုများ အလဟဿ မဖြစ်စေရေး ကြိုးပမ်းရန် NUG က ကယန်းအမျိုးသားနေ့သို့ သဝဏ်လွှာပို့

ကရင်နီ(ကယား)ပြည်နယ်အတွင်းနေထိုင်ကြသည့် ကယန်းအမျိုးသားများ တစုတစည်းတည်းအဖြစ် အမျိုးသားအလံတော် တစ်ခုအောက်တွင်ပေါင်းဆုံခဲ့ကြသည့်နေ့ထူးနေ့မြတ်ကို အစွဲပြု၍ ဧပြီ ၁၀ရက် ရောက်တိုင်း ကယန်းအမျိုးသားနေ့ ကျင်းပလာခဲ့ရာ ၂၃နှစ်မြောက် နှစ်ပတ်လည်သို့ ရောက်ရှိပြီဖြစ်သည်။

(၂၂ နှစ်​မြောက် ကယန်းအမျိုးသား​နေ့ကို ၂၀၂၂ ခုနှစ် ဧပြီ၁၀ ရက်တွင် ကယန်းပြည်သစ်ပါတီ ဌာနချုပ်ချုပ်တွင်အကျဥ်းရှုံ့ပြုလုပ်ခဲ့စဥ်။ KNPP)
(၂၂ နှစ်​မြောက် ကယန်းအမျိုးသား​နေ့ကို ၂၀၂၂ ခုနှစ် ဧပြီ၁၀ ရက်တွင် ကယန်းပြည်သစ်ပါတီ ဌာနချုပ်ချုပ်တွင်အကျဥ်းရှုံ့ပြုလုပ်ခဲ့စဥ်။ KNPP)

တော်လှန်ရေးခရီးတစ်လျှောက် ပေးဆပ်အနစ်နာခံမှုများ အလဟဿ မဖြစ်စေဘဲ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင်ကယန်းယူမျိုးများနှင့်ညီနောင်တိုင်းရင်းသားများ အတူတကွ လက်တွဲ၍ အောင်ပွဲခရီးလမ်းဆုံးတိုင် ညီညွတ်စွာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်ပါစေဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကကယန်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။

ကရင်နီ(ကယား)ပြည်နယ်အတွင်းနေထိုင်ကြသည့် ကယန်းအမျိုးသားများ တစုတစည်းတည်းအဖြစ် အမျိုးသားအလံတော် တစ်ခုအောက်တွင်ပေါင်းဆုံခဲ့ကြသည့်နေ့ထူးနေ့မြတ်ကို အစွဲပြု၍ ဧပြီ ၁၀ရက် ရောက်တိုင်း ကယန်းအမျိုးသားနေ့ ကျင်းပလာခဲ့ရာ ၂၃နှစ်မြောက် နှစ်ပတ်လည်သို့ ရောက်ရှိပြီဖြစ်သည်။

ကယန်းလူမျိုးများနေထိုင်ရာဒေသများတွင်စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ပြီး တိုင်းရင်းသားလူမျိုးများအားလုံးအတွက် တန်းတူညီမျှမှု၊ အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲများတွင် ပေးဆပ်အနစ်နာခံကာ စွမ်းစွမ်းတမံ ပါဝင်နေသည့် မဟာမိတ် ကယန်းအမျိုးသားများ၏ ကြိုးပမ်းအားထုတ်မှု ပေးဆပ်အနစ်နာခံမှုများကို များစွာ အသိအမှတ်ပြုကြောင်း NUG၏ သဝဏ်လွှာ၌ ပါရှိသည်။

လက်ရှိတွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး အဖက်ဖက်မှ ဖိအားများကြောင့် အင်အားချိနဲ့ နေပြီဖြစ်သော စစ်အုပ်စုကို နိုင်ငံရေးမှ အပြီးတိုင် စွန့်ခွာသွားအောင် ကြိုးပမ်းနိုင်မှသာ တိုင်းရင်းသား ပြည်သူလူထုများ လိုလားသည့် အမျိုးသား တန်းတူရေး၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အာမခံချက်များကို ပြည်ပြည့်၀၀ လိုက်နာပြီး သာယာ၀ပြောသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတောသစ် ပန်းတိုင်သို့ ရောက်ရှိ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း NUGက ဆိုသည်။

Public Service Announcement

Public Service Announcement

သွေးခွဲသပ်လျှိုခြင်း၊ လူမဆန်ရက်စက်ကြမ်းကြုပ်ခြင်းစသည့် အကြမ်းဖက် စစ်ကောင်စီ၏ ဗျူဟာများကို မျက်ခြေပြတ်မခံဘဲ ကယန်းအမျိုးသားများ၏ စုစည်းမှုနှင့် စည်းလုံးညီညွတ်မှု၊ ကယန်းအမျိုးသားများနှင့် ကျန်တော်လှန်ရေးအင်အားစုများကြား ယုံကြည်မှု၊ နားလည်မှု၊ စည်းစည်းမှုတို့ကို မထိခိုက်စေရန်လည်း အမြဲ အထူးသတိရှိကြရမည်ဟုလည်း NUGက သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။