Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တွင် စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်၍ အဘွားအိုတစ်ဦး သေဆုံး၊ ပြည်သူငါးဦးဒဏ်ရာရ

ယနေ့ (ဧပြီ ၁၂ရက်) နံနက် ၁၁နာရီခန့်တွင် ဗန်းမောက်မြို့နယ် ပင်ဟင်းခါးကျေးရွာနှင့် သာယာကုန်းရွာကြား စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

(အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက် နေသည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)
(အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက် နေသည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အဘွားအိုတစ်ဦးသေဆုံးပြီး ဒေသခံပြည်သူငါးဦး ဒဏ်ရာရခဲ့သည်ဟု Banmauk Revolutionက အသိပေးထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၁၂ရက်) နံနက် ၁၁နာရီခန့်တွင် ဗန်းမောက်မြို့နယ် ပင်ဟင်းခါးကျေးရွာနှင့် သာယာကုန်းရွာကြား စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

အထိနာသွားသော စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ ဗုံးရှစ်လုံး ကြဲချခဲ့ကြောင်း၊ သာယာကုန်းဘုန်းကြီးကျောင်း၊ ဇရပ်နှင့် ရွာရှိနေအိမ် လေးလုံးထိခိုက်ပျက်စီးပြီး အိမ်အတွင်းရှိ ဒေသခံပြည်သူ လေးဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြသည်။ ဒဏ်ရာရသူ လေးဦးအနက် တစ်ဦးမှာ ကလေးငယ် ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် နေ့လည်ပိုင်းတွင်လည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ထပ်မံလာရောက်တိုက်ခိုက်ခဲ့ရာ အသက်(၇၀)ကျော် အမျိုးသမီး တစ်ဦးသေဆုံးပြီး ပြည်သူတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“တပ်ဖွဲ့ချင်းမယှဉ်နိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်များသည် မနိုင်နိုင်ရာမဲပြီး ရွာမီးရှို့ခြင်း၊ လက်နက်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်နိုင်ပါသဖြင့် အထူးဂရုပြုနေထိုင်ကြပါရန် ပန်ကြားအပ်ပါသည်”ဟု Banmauk Revolutionက ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ရှမ်းနီ SNA ပူးပေါင်းတပ်သည် ဧပြီ ၁၂ရက်တွင် နောင်ယော နှင့် ကူးဆိပ် စျေးတန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယခင်နေ့များ၌လည်း မတ္တရာမှော်၊ ရွှေတော်-မင်းကုန်းကျေးရွာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook