Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ် ထန်းတောရွာကို စစ်ကောင်စီတပ်မီးရှို့ပြီး ရွာသားတစ်ဦးကို သတ်ဖြတ်

ယမန်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထန်းတောရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - CJ
ထန်းတောရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၌ ယနေ့သင်္ကြန်အကြတ်နေ့တွင် စစ်ကောင်စီတပ်က ထန်းတောကျေးရွာကို မီးရှို့ဖျက်ဆီးနေပြီး ဒေသခံလူငယ် အမျိုးသားတစ်ဦးကိုပါ ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဧပြီ ၁၅ ရက်) နံနက် ၄နာရီခန့်က အဆိုပါရွာအနီးရှိ ညောင်ပင်ကြီးစခန်းမှ စစ်ကောင်စီတပ်သားများသည် သေနတ်ပစ်ဖောက်ပြီးနောက် နံနက် ၆ နာရီခန့်တွင် ထန်းတောရွာ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် မီးရှို့နေချိန် ရောက်လာသည့် လူငယ်အမျိုးသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ကင်းပုန်းတွေလည်း နေရာအနှံ့ချထားတယ်။ မြစ်ဘေးတလျှောက်ကရွာတွေလည်း ထွက်ပြေးနေရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်သားများသည် ဧပြီ ၁၂ ရက်က ညောင်ပင်ကြီးစခန်းသို့ ရောက်ရှိလာပြီး ထိုနေ့ညပိုင်းကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၃ ရက်ညတွင်လည်း ဒေသတွင်းPDFများနှင့် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပြီး စစ်အုပ်စုအထိအခိုက်ရှိကာ နယ်မြေခံPDFအဖွဲ့က တပ်သားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Monywa Red Fire PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာနိုင်၍ ဆားလင်းကြီး – ညောင်ပင်ကြီးလမ်းပိုင်းအား ယမန်နေ့ မွန်းလွဲ ၁ နာရီမှစ၍ အရေးပေါ်ပိတ်သိမ်းလိုက်ပြီး သွားလာခြင်းမပြုကြရန် ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို