Connect with us

Hi, what are you looking for?

သတင်း

ပုလောကုန်းရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ် နှစ်ကြိမ်တိုက်ခိုက်ခံရ

ပုလောကုန်းရွာတွင် စစ်ကောင်စီတပ်သား ၃၀ ခန့်၊ ပျူစောထီး ၁၀ ဦးခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီ ၁၅ ရက်(သကြ်န်အကျနေ့)နံနက် ၉ နာရီခန့်တွင် တစ်ကြိမ်၊ ညနေ ၄ နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ပူဏိယက္ခ ညီနောင်စစ်ကြောင်းမှ ရဲဘော်အချို့အား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်)
(ပူဏိယက္ခ ညီနောင်စစ်ကြောင်းမှ ရဲဘော်အချို့အား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်)

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို တစ်ရက်တည်း နှစ်ကြိမ်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းက People’s Spring သတင်းဌာနသို့ ပြောသည်။

ပုလောကုန်းရွာတွင် စစ်ကောင်စီတပ်သား ၃၀ ခန့်၊ ပျူစောထီး ၁၀ ဦးခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီ ၁၅ ရက်(သကြ်န်အကျနေ့)နံနက် ၉ နာရီခန့်တွင် တစ်ကြိမ်၊ ညနေ ၄ နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မနေ့ကမနက် ၉ နာရီလောက်မှာ ပုရိယက္ခညီနောင်စစ် ကြောင်းက ပထမအကြိမ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပုလောကုန်စခန်းသွားပစ်တယ်။ ညနေ ၄ နာရီမှာနောက်တစ်ကြမ်ပါ ခင်ဗျာ”ဟု ပူရိယက္ခညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ပုလောကုန်းတပ်စခန်းနေရာကို (၄၀) မမများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ပုလောကုန်းနှင့်တစ်မိုင်ခန့်အကွာရှိ ခလရ (၂၈၅)နှင့် တစ်မိုင်တောင်တပ်စခန်းများမှ လက်နက်ကြီးပစ်ကူပေးကာ ပြန်လည်ပစ်ခတ် ခဲ့သည်ဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အတိအပျ မသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းက အသိပေးသည်။

ယမန်နေ့နံနက် ၁၁နာရီဝန်းကျင်ကလည်း နန်းတောင်ရွာက စစ်ကောင်စီတပ်သားများအား ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။

ဧပြီ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင်လည်း ပုလောမြို့ နယ် ပဝတ်ကုန်းရွာရှိ စခန်းသစ်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ကို တောကြီးမြွေဟောက်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်းထိသေဆုံးသူ ၁၀ ဦးကျော်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook