Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာကို စစ်​ကောင်စီတပ်စစ်​ကြောင်းထိုးလာ

စစ်တပ်က ဧပြီ ၁၁ ရက်တွင် ​YAK-130 ဖြင့် ​ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချပြီး MI-35 ရဟတ်ယာဥ်များဖြင့်ပစ်ခတ်တိုက်ခိုက်၍ ပြည်သူ ၁၆၈ ဦး ​သေဆုံးပြီး ဒဏ်ရာရသူ ၇၀ ဦးခန့်ရှိခဲ့သည်။

(ပဇီကြီးရွာတည်​နေရာပြ ​မြေပုံ နှင့် စစ်တပ်က ​ပေါင်၅၀၀ ဗုံးနှစ်လုံးကျဲ ပြီး Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့​သောပဇီကြီးရွာမှ အပျက်အစီးများ။ ။ဓါတ်ပုံ-CJ)
(ပဇီကြီးရွာတည်​နေရာပြ ​မြေပုံ နှင့် စစ်တပ်က ​ပေါင်၅၀၀ ဗုံးနှစ်လုံးကျဲ ပြီး Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့​သောပဇီကြီးရွာမှ အပျက်အစီးများ။ ။ဓါတ်ပုံ-CJ)

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာဘက်သို့ သပိတ်ကျင်းမြို့နယ်ဘက်မှ တက်လာသည် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းခွဲတက်လာ၍ကျေးရွာ (၇ )ရွာမှ စစ်ဘေးရှောင်အရပ်သားများထပ်မံထွက်ပြေးနေရကြောင်း ​ဒေသခံများက​ပြောသည်။

၁၂ ဘီးကားနှစ်စီး၊ ကားအသေးနှစ်စီးဖြင့် သပိတ်ကျင်းမြို့နယ်ဘက်မှ ယမန်နေ့ညနေက လာသောစစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့(ဧပြီ ၁၉ရက်)နံနက် ၁၀နာရီခန့်တွင် ပဇီကြီးရွာနှင့် နှစ်မိုင်ခန့်အကွာသို့ ရောက်ရှိလာသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“သပိတ်ကျင်းဘက်ကနေလာတာ။လက်နက်ကြီးတွေလည်းပါတယ်။ ည၁၁ နာရီလောက်မှာ တွေ့တဲ့ မော်တော်တွေ ချောဆွဲပြီး မလည်ရွာကို ရောက်တယ်။ မလည်ပြည့်သူ့ဆေးရုံထဲမှာ ညကတပ်စွဲတယ်။ ဒီနေ့မနက် ၆ နာရီကစပြီး မလည်ရွာရဲ့ အနောက်ကနေတစ်ကြောင်း၊တောင်ဘက်ကနေ တ‌စ်ကြောင်း ပဇီကြီးရွာကို ဝိုက်တက်နေတယ်။ အခုရွာနားကို ရောက်နေပြီ”ဟု ဒေသခံတဦးကပြောသည်။

(ပဇီကြီးရွာတည်​နေရာပြ ​မြေပုံ နှင့် စစ်တပ်က ​ပေါင်၅၀၀ ဗုံးနှစ်လုံးကျဲ ပြီး Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့​သောပဇီကြီးရွာမှ အပျက်အစီးများ။ ။ဓါတ်ပုံ-CJ)
(ပဇီကြီးရွာတည်​နေရာပြ ​မြေပုံ နှင့် စစ်တပ်က ​ပေါင်၅၀၀ ဗုံးနှစ်လုံးကျဲ ပြီး Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့​သောပဇီကြီးရွာမှ အပျက်အစီးများ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မလည်ရွာနှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် စပယ်နဂိုရွာသည် ဧရာဝတီမြစ်ခြားလျှက် ဟိုဘက်ဒီဘက် တည်ရှိနေသော ရွာဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် စပယ်နဂိုကျေးရွာ ဘောလုံးကွင်းအတွင်း လက်နက်ကြီးများတပ်ဆင်ထားပြီး မြေပြင်တိုက်ပွဲဖြစ်ပါက လက်နက်ကြီးအသုံးပြုလာနိုင်သည်ဟု စပယ်နဂို‌ဒေသခံတစ်ဦးလည်းပြောသည်။

” ပဇီကြီးရွာက မလည်ရွာနဲ့ ၄မိုင်ပဲ ဝေးတယ်။ စပယ်နဂိုကနေ လက်နက်ကြီးနဲ့ ပစ်ရင် အေးဆေးရောက်တယ်။ အဲ့ဒီလိုဆိုတော့ ပဇီကြီး တိုက်ခိုက်မှုနောက်ပိုင်း ပြေးနေကြရတဲ့ ရွာ ခုနှစ်ရွာလောက်ကညက‌​ရော ဒီမနက်ပါ ထပ်ပြေးနေရတယ်”ဟုရွာသာယာဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

(ပဇီကြီးရွာတည်​နေရာပြ ​မြေပုံ နှင့် စစ်တပ်က ​ပေါင်၅၀၀ ဗုံးနှစ်လုံးကျဲ ပြီး Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့​သောပဇီကြီးရွာမှ အပျက်အစီးများ။ ။ဓါတ်ပုံ-CJ)
(ပဇီကြီးရွာတည်​နေရာပြ ​မြေပုံ နှင့် စစ်တပ်က ​ပေါင်၅၀၀ ဗုံးနှစ်လုံးကျဲ ပြီး Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ခဲ့​သောပဇီကြီးရွာမှ အပျက်အစီးများ။ ။ဓါတ်ပုံ-CJ)

စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ပဇီကြီး၊ မဲဇတော်၊ ရွာသာယာ၊ထန်းတော၊ ချောင်းသာ၊ ချောင်းမကြီးစသည့် ကျေးရွာ ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးနေရကြောင်းသတင်းရရှိသည်။

စစ်တပ်က ဧပြီ ၁၁ ရက်တွင် ​YAK-130 ဖြင့် ​ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချပြီး MI-35 ရဟတ်ယာဥ်များဖြင့်ပစ်ခတ်တိုက်ခိုက်၍ ပြည်သူ ၁၆၈ ဦး ​သေဆုံးပြီး ဒဏ်ရာရသူ ၇၀ ဦးခန့်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။