Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုနှင့် ဘောလခဲကြားတိုက်ပွဲ စစ်ကောင်စီတပ် ရှစ်ဦးသေ၊ တစ်ဦးအရှင်ဖမ်းမိဟု ကရင်နီတပ် ထုတ်ပြန်

ဒေါညေးခူနှင့် ဒေသချင်းစပ်ဆက်နေသည့် ဒေါတမကြီးရွာတွင်လည်း မတ်လအတွင်းက တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က ၉၀ ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၄၂လက်ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း KNDFက ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိသော တပ်သားနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KnIC)
(စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိသော တပ်သားနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KnIC)

▪️ယာဉ်တစ်စီး ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ငယ် ၆လက်နှင့် ကျည်အချို့ရဟု အသိပေး

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲကြား၌ ယမန်နေ့ (ဧပြီ ၁၉ရက်)က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးကာ တစ်ဦး အရှင်ဖမ်းမိခဲ့သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဗဟို သတင်းပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ နေ့လည် ၁နာရီမှစ၍ စစ်ကောင်စီတပ် ခလရ(၈၀)နှင့် ကရင်နီ ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။ ကရင်နီတပ်မတော် (KA)နှင့် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၂၁)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ခလရ ၈၀ က တပ်မ ၆၆ လက်အောက်ခံ။သူတို့တပ်က ဒီလ ပထမ ပတ်လောက်ကစပြီးဒီးမော့ဆိုအရှေ့ခြမ်းစစ်ဆင်ရေးထဲဝင်လာတာ။စကစ ရဲ့ ထပ်တိုးအင်အားပေါ့။အခုက သူတို့ စစ်ကြောင်းကိုဖြတ်တိုက်တာလို့ပြောလို့ရတယ်”ဟု KNDFတာဝန်ရှိသူက People’s Spring သို့ ပြောသည်။

(စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိသော တပ်သားနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KnIC)
(စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိသော တပ်သားနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KnIC)

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးခဲ့ပြီးတစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကားတစ်စီး ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ငယ် ၆လက်နှင့် ကျည်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

(စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိသော တပ်သားနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KnIC)
(စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိသော တပ်သားနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KnIC)

ဒေါညေးခူဒေသတွင် ဧပြီ ၁၆ရက်မှစ၍ ကရင်နီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁၆ရက်မှ ၁၈ရက်နေ့အတွင်း တိုက်ပွဲမှား၌ စစ်ကောင်စီတပ်က အနည်းဆုံး ၃၀ခန့်သေဆုံးခဲ့သည်ဟု ကရင်နီစစ်ဘက် တာဝန်ရှိသူတစ်ဦးက ပြောကြားထားပြီး လက်နက် ၂၀ခန့် သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။ ကရင်နီပူးပေါင်းတပ်ကလည်း ကျဆုံးသူအချို့ရှိခဲ့ပြီး ဒဏ်ရာရသူ ၁၀ဦးခန့်ရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

ဒေါညေးခူနှင့် ဒေသချင်းစပ်ဆက်နေသည့် ဒေါတမကြီးရွာတွင်လည်း မတ်လအတွင်းက တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က ၉၀ ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၄၂လက်ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း KNDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်