Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြောက်ပိုင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်၊ သေဆုံးထိခိုက်မှုရှိဟု ဒေသခံပြော

“စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းဖြတ်ပြီး ဗုံးကျဲသွားတာမို့ သတင်းကြိုတင်ပေးဖို့ နောက်ကျသွားတယ်”ဟု ထီးလင်းဒေသခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - ယောအလင်းတန်း)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - ယောအလင်းတန်း)

မကွေးတိုင်း ထီးလင်းမြို့နယ်မြောက်ပိုင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ နေ့လည်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဧပြီ ၂၀ရက် နေ့လည် ၁၂နာရီခွဲခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

လေကြောင်း တိုက်ခိုက်ခံရသည့်ဒေသသည် ယောတော်လှန်ရေးတပ်(YRA) အခြေစိုက်ရာ ပြည်သူ့အုပ်ချုပ်ရေးရုံးနှင့် ပုံညောတောင်တန်း စစ်ရှောင်စခန်းရုံးစိုက်ရာ လောင်းဘိုလေးရွာ အဆောက်အဦးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ် ဗုံးကြဲခဲ့သည်ဟု ယောအလင်းတန်းက ထုတ်ပြန်သည်။

ယင်းသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် ရုံးအဆောက်အဦး တစ်ခုလုံး ဗုံးဒဏ်ကြောင့် မီးလောင်ပျက်စီးကာ ရုံးဝန်ထမ်း သုံးဦး ကျဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ယင်းအနက် လေးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“မိဘပြည်သူများနဲ့ နယ်သူနယ်သားများ အားလုံး စစ်ရေးသတိအမြဲရှိနေပေးကြပါ။ လေကြောင်းရန်ကိုလည်း အထူးဂရုစိုက်နေထိုင်ပေးကြပါ။ ဖုန်းလိုင်းပြတ်တောက်သွားသည်နဲ့ စစ်ရေးကို ပိုသတိထားကြပါ”ဟု ယောအလင်းတန်းက တိုက်တွန်းထားသည်။

“နေပြည်တော်လေဆိပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီး ပအဖရုံး (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး) နဲ့စစ်ရှောင်စခန်းရုံးကို လေကြောင်းတိုက်ခိုက်တာ နှစ်ကြိမ်လုပ်ခဲ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် မြေပြင်မှလည်း စစ်ကောင်စီတပ် စစ်ကြောင်းက ထီးလင်းမြို့နယ် ပဇင်းချောင်ရွာနှင့် ပုဏ္ဏားရွာကို ဝင်ရောက်မွှေနှောက်ခြင်း၊ ပြည်သူလူထုပိုင်ပစ္စည်းများ ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း လုပ်ဆောင်ခဲ့ကြောင်း ယောအလင်းတန်းက ဆိုသည်။

အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ပဇင်းချောင်ရွာကို ဝင်ရောက်စီးနင်းပြီး ပစ္စည်းများခိုးယူခြင်း မီးရှို့ခြင်းပြုလုပ်ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့သည်ဟု ယောအလင်းတန်းက ထုတ်ပြန်ထားပြီး အိမ်ခြေစာရင်းကို စိစစ်ဆဲဖြစ်သည်ဟုဆိုသည်။ ပြည်သူလူထုထံမှ ခိုးယူထားသည့် ပစ္စည်းများကို စစ်ကောင်စီတပ်က ကားများဖြင့် သယ်ဆောင်သွားသည်ဟု ဖော်ပြသည်။

ထို့အပြင် ပဇင်းချောင်ကျေးရွာမှ ပြန်လာသည့် စစ်ကောင်စီတပ်ကို YRA တပ်က ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးရှိခဲ့သည်ဟု ဆိုသည်။

ယနေ့ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်မှု အခြေအနေများကို YRAက ယခု ည ၈နာရီအထိ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

လက်ရှိတွင် ထီးလင်းနယ်တကြောကို စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်းဖြတ်တောက်ထားသည်။

“စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းဖြတ်ပြီး ဗုံးကျဲသွားတာမို့ သတင်းကြိုတင်ပေးဖို့ နောက်ကျသွားတယ်”ဟု ထီးလင်းဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook