Connect with us

Hi, what are you looking for?

သတင်း

နေ့အပူချိန်မြင့်တက်နေချိန် မန္တလေးမှာအမျိုးသားတစ်ဦး လဲကျသေဆုံး

ဒီနေ့ နေ့ခင်းပိုင်းက မဟာအောင်မြေမြို့နယ် ၄၁ လမ်းနဲ့ ၈၂ လမ်းထောင့်မှာ အသက် ၄၀ အရွယ်အမျိုးသား တစ်ဦး လဲကျသေဆုံးသွားတာပါ။

နေ့အပူချိန်မြင့်တက်နေချိန် မန္တလေးမှာအမျိုးသားတစ်ဦး လဲကျသေဆုံး
နေ့အပူချိန်မြင့်တက်နေချိန် မန္တလေးမှာအမျိုးသားတစ်ဦး လဲကျသေဆုံး

မန္တလေးမှာ နေ့ဘက် အပူချိန်မြင့်တက်နေချိန်မှာပဲ မဟာအောင်မြေမြို့နယ်အတွင်း လူလတ်ပိုင်းအရွယ်အမျိုးသား တစ်ဦး လဲကျ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူအချို့ ထံကသိရပါတယ်။

ဒီနေ့ နေ့ခင်းပိုင်းက မဟာအောင်မြေမြို့နယ် ၄၁ လမ်းနဲ့ ၈၂ လမ်းထောင့်မှာ အသက် ၄၀ အရွယ်အမျိုးသား တစ်ဦး လဲကျသေဆုံးသွားတာပါ။

“လဲကျတာကို သတင်းပေးလို့သွားသယ်တာ။ အပူရှိန်ကြောင့်ဖြစ်မယ် “လို့ အလောင်းကိုသွားရောက်သယ်ဆောင်ပေးခဲ့သူတစ်ဦးကပြောပြပါတယ်။

အဲဒီ ရုပ်အလောင်းကိုသက်ဆိုင်သူရဲ့ မိသားစု ဆန္ဒအရ နေအိမ်ကိုပဲပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ မန္တလေးမြို့ရဲ့အပူချိန်ဟာ ၄၃ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်ကလည်း မန္တလေးမှာ အပူချိန်မြင့်တက်နေချိန် အစာအာဟာရပြတ်လပ်ပြီး သေဆုံးတယ်လို့ ယူဆရဖွယ် ပိုင်ရှင်မဲ့ အမျိုးသား ၃ ဦး ရဲ့အလောင်းတွေ ကိုလူမှုကူညီရေးအသင်းတွေက မန္တလေးဆေးရုံကြီး ရင်ခွဲရုံဆီပို့ဆောင်ပေးခဲ့ရတာရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook