Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးတွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူသုံးဦးအား သတ်ဖြတ်၊ ခက်သင်ရွာ နေအိမ် ၂၀၀ကျော် မီးရှို့ဖျက်ဆီး

မန္တလေးမြို့ မြောက်ခြမ်းရှိ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းဒေသများတွင်လည်း စစ်ကောင်စီတ​ပ်က ကျေးရွာများအားဝင်ရောက်ကာ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူများအား သတ်ဖြတ်မှုများ ပြုလုပ်နေသည်။

(စစ်ကောင်စီတပ်က ခက်သက်ရွာအား မီးရှို့ဖျက်​ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ခက်သင်)
(စစ်ကောင်စီတပ်က ခက်သက်ရွာအား မီးရှို့ဖျက်​ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ခက်သင်)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ သုံးဦးအား သတ်ဖြတ်ခဲ့ပြီး အဆိုပါစစ်အုပ်စုအား ဒရုန်းဖြင့်တိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဧပြီ ၁၉ ရက်က အင်အား ၇၀ခန့်ရှိသော စစ်ကောင်စီတပ်သည် စဉ့်ကူးမြို့နယ်၊ ပျဉ်းပင်ကျေးရွာဘက်မှ မင်းပန်းတောင်နှင့် ထီးကျင်တောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီး ဧပြီ ၂ဝ ရက်နံနက်ပိုင်းတွင် မင်းပန်းတောင်ဘုန်းကြီးကျောင်းဝင်းအတွင်း ပြန်လည်ရောက်ရှိခဲ့သည်။

ဧပြီ ၂၀ ရက် နံနက် ၁၀နာရီခွဲခန့်တွင် အဆိုပါစစ်ကောင်စီတပ်အား ဒရုန်း သုံးစီးဖြင့် ဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

(စစ်ကောင်စီတပ်က ခက်သက်ရွာအား မီးရှို့ဖျက်​ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ခက်သင်)
(စစ်ကောင်စီတပ်က ခက်သက်ရွာအား မီးရှို့ဖျက်​ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ခက်သင်)

စစ်အုပ်စုဘက်က လက်နက်ငယ်များအပြင် (၈၀)မမ ဖြင့်ပါ ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲဘော်များ အထိအခိုက်မရှိသော်လည်း ၎င်းတို့လက်နက်ကြီးသံကြောင့် ပြည်သူတစ်ဦး နှလုံးဖောက်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်အား ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)၊ Nine PDF တပ်ဖွဲ့၊Northern Tigers Group နှင့် စဉ့်ကူးမြို့နယ်(ပကဖ) တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထိုနေ့တွင်ပင် စစ်ကောင်စီတပ်က စဉ့်ကူးမြို့နယ် ခက်သင်ကျေးရွာရှိ နေအိမ် ၂၀၀ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ခက်သင်ရွာရှိ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း ကင်းထောက်ရဲဘော်များက ပြောသည်။

Public Service Announcement
Public Service Announcement

“ခက်သင်ရွာက မြောက်အရပ် တစ်ကုန်းလုံး မီးလောင်ပျက်စီးခဲ့ရတယ်။ ၁၈ ရက်နေ့က ဂေါက်ကွင်းကနေ ဖောကား သုံးစီးနဲ့ထွက်သွားတဲ့ အင်အားတစ်ရာကျော်ပါတဲ့အဖွဲ့ပါ။ ရွှေတောလုပ်ကွက်ဒေသဖြစ်တဲ့ မင်းပန်းဘက်ကိုလည်း ဝင်မွှေသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဘုံသာကုန်းရွာတွင်လည်း စစ်ကောင်စီတပ်က ဒေသခံပြည်သူတစ်ဦး၏ ကျပ် သိန်း ၄၀နှင့် လက်ဝတ်ရတနာ ရွှေ နှစ်ကျပ်သားခန့်ခိုးယူသွားကာ စိတ်ကျန်းမာရေးမကောင်းသူ ပြည်သူတစ်ဦးကိုလည်း ပစ်သတ်သွားကြောင်း ကင်းထောက်ရဲဘော်များက ပြောသည်။

“ဘုန်သာကုန်းက တစ်ဦးအသတ်ခံရတယ်။ ခက်သင်ရွာက လူသုံးဦးဖမ်းသွားတယ်။ မိန်းခလေးငယ်တစ်ဦး အသတ်ခံရတယ်။ ဖမ်းသွားတဲ့ သုံးဦး ဘာသတင်းမှမရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးမြို့ မြောက်ခြမ်းရှိ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းဒေသများတွင်လည်း စစ်ကောင်စီတ​ပ်က ကျေးရွာများအားဝင်ရောက်ကာ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူများအား သတ်ဖြတ်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။