Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့ ပျူစောထီးနေအိမ်စီးနင်းရာ လက်ပစ်ဗုံး၊ နင်းမိုင်းများအပါအဝင် လျှို့ဝှက်မှတ်တမ်းများ သိမ်းဆည်းရရှိ

ဖယ်ခုံမြို့ လျှို့ဝှက်ဒလန်ရှင်းလင်းရေးအဖွဲ့က ခိုင်မာသောသတင်းရရှိမှုကြောင့် ညောင်ကုန်း (၅) ရပ်ကွက်၊ ခမရ (၃၃၆)တပ်ရင်းရှေ့ရှိ ပျူစောထီးခေါင်းဆောင် ဘစိုင်း(ခ) ထူးခန့်မျိုးနောင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည်ဟု ဆိုသည်။

(လက်ပစ်ဗုံးနှင့် နင်းမိုင်းများအပါအဝင် လျှို့ဝှက်မှတ်တမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - BPDF)
(လက်ပစ်ဗုံးနှင့် နင်းမိုင်းများအပါအဝင် လျှို့ဝှက်မှတ်တမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - BPDF)

ဖယ်ခုံမြို့ အခြေစိုက် ခမရ(၃၃၆)တပ်ရင်းရှေ့ရှိ ပျူစောထီးခေါင်းဆောင်၏ နေအိမ်အား ဝင်ရောက်စီးနင်းရာ လက်ပစ်ဗုံးနှင့် နင်းမိုင်းများအပါအဝင် လျှို့ဝှက်မှတ်တမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း BPDF လွိုင်​ကော်တာဝန်ခံ တာဝန်ရှိသူက ပြောသည်။

ဖယ်ခုံမြို့ လျှို့ဝှက်ဒလန်ရှင်းလင်းရေးအဖွဲ့က ခိုင်မာသောသတင်းရရှိမှုကြောင့် ညောင်ကုန်း (၅) ရပ်ကွက်၊ ခမရ (၃၃၆)တပ်ရင်းရှေ့ရှိ ပျူစောထီးခေါင်းဆောင် ဘစိုင်း(ခ) ထူးခန့်မျိုးနောင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ပျူ‌စောထီးခေါင်းဆောင်းက ထွက်ပြေးသွားတယ်။သူ့မိန်းမက ကိုယ်ဝန်နဲ့မို့ မသတ်ခဲ့ဘူး။ ဒါပေမယ့် စောင့်ကြည့်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

နေအိမ်တွင်းရှာဖွေမှု၌ လက်ပစ်ဗုံး ၁၁လုံး ၊နင်းမိုင်း နှစ်လုံး၊မှတ်တမ်းကင်မရာတစ်လုံး၊CCTV သုံးလုံး၊ ကွန်ပျူတာတစ်လုံး၊ငွေသား ၁၂ သိန်းနှင့် မြေဂရမ်တစ်ခုကို သိမ်းဆည်းနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

လျှို့ဝှက်မှတ်တမ်းမှရရှိထားသည့် ဖယ်ခုံမြို့အတွင်းရှိ ပျူစောထီးများ၏ အချက်အလက်ကို အခြေအနေပေါ်မူတည်၍ ဆက်လက်ထုတ်ပြန်သွားမည်ဟု BPDFက အသိပေးသည်။

BPDF လွိုင်​ကော်နှင့် လျှိုဝှက်ဒလန်ရှင်းလင်းရေးလွိုင်​ကော်အဖွဲ့တို့က ပူးပေါင်းစစ်ဆင်​ရေးပြုလုပ်ခဲ့ပြီး ၊ပျူ​စောထီနှင့်ပတ်သက်​သောအချက်အလက်များစွာရရှိခဲ့​ကြောင်း သတင်းဓာတ်ပုံနှင့်တစ်ကွ အသိ​ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။