Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံမြို့ ပျူစောထီးနေအိမ်စီးနင်းရာ လက်ပစ်ဗုံး၊ နင်းမိုင်းများအပါအဝင် လျှို့ဝှက်မှတ်တမ်းများ သိမ်းဆည်းရရှိ

ဖယ်ခုံမြို့ လျှို့ဝှက်ဒလန်ရှင်းလင်းရေးအဖွဲ့က ခိုင်မာသောသတင်းရရှိမှုကြောင့် ညောင်ကုန်း (၅) ရပ်ကွက်၊ ခမရ (၃၃၆)တပ်ရင်းရှေ့ရှိ ပျူစောထီးခေါင်းဆောင် ဘစိုင်း(ခ) ထူးခန့်မျိုးနောင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည်ဟု ဆိုသည်။

(လက်ပစ်ဗုံးနှင့် နင်းမိုင်းများအပါအဝင် လျှို့ဝှက်မှတ်တမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - BPDF)
(လက်ပစ်ဗုံးနှင့် နင်းမိုင်းများအပါအဝင် လျှို့ဝှက်မှတ်တမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - BPDF)

ဖယ်ခုံမြို့ အခြေစိုက် ခမရ(၃၃၆)တပ်ရင်းရှေ့ရှိ ပျူစောထီးခေါင်းဆောင်၏ နေအိမ်အား ဝင်ရောက်စီးနင်းရာ လက်ပစ်ဗုံးနှင့် နင်းမိုင်းများအပါအဝင် လျှို့ဝှက်မှတ်တမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း BPDF လွိုင်​ကော်တာဝန်ခံ တာဝန်ရှိသူက ပြောသည်။

ဖယ်ခုံမြို့ လျှို့ဝှက်ဒလန်ရှင်းလင်းရေးအဖွဲ့က ခိုင်မာသောသတင်းရရှိမှုကြောင့် ညောင်ကုန်း (၅) ရပ်ကွက်၊ ခမရ (၃၃၆)တပ်ရင်းရှေ့ရှိ ပျူစောထီးခေါင်းဆောင် ဘစိုင်း(ခ) ထူးခန့်မျိုးနောင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ပျူ‌စောထီးခေါင်းဆောင်းက ထွက်ပြေးသွားတယ်။သူ့မိန်းမက ကိုယ်ဝန်နဲ့မို့ မသတ်ခဲ့ဘူး။ ဒါပေမယ့် စောင့်ကြည့်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

နေအိမ်တွင်းရှာဖွေမှု၌ လက်ပစ်ဗုံး ၁၁လုံး ၊နင်းမိုင်း နှစ်လုံး၊မှတ်တမ်းကင်မရာတစ်လုံး၊CCTV သုံးလုံး၊ ကွန်ပျူတာတစ်လုံး၊ငွေသား ၁၂ သိန်းနှင့် မြေဂရမ်တစ်ခုကို သိမ်းဆည်းနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

လျှို့ဝှက်မှတ်တမ်းမှရရှိထားသည့် ဖယ်ခုံမြို့အတွင်းရှိ ပျူစောထီးများ၏ အချက်အလက်ကို အခြေအနေပေါ်မူတည်၍ ဆက်လက်ထုတ်ပြန်သွားမည်ဟု BPDFက အသိပေးသည်။

BPDF လွိုင်​ကော်နှင့် လျှိုဝှက်ဒလန်ရှင်းလင်းရေးလွိုင်​ကော်အဖွဲ့တို့က ပူးပေါင်းစစ်ဆင်​ရေးပြုလုပ်ခဲ့ပြီး ၊ပျူ​စောထီနှင့်ပတ်သက်​သောအချက်အလက်များစွာရရှိခဲ့​ကြောင်း သတင်းဓာတ်ပုံနှင့်တစ်ကွ အသိ​ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။