Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူ

ဧပြီ ၁၉ ရက် ညနေ ၆နာရီခန့်က ရွှေဘိုမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သည် ရွှေဘို – ဆိပ်ခွန်လမ်းမပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

(ရွှေဘိုမြို့ရှိ အထက်တန်းကျောင်းရှေ့တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(ရွှေဘိုမြို့ရှိ အထက်တန်းကျောင်းရှေ့တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

▪️ကျေးရွာအပေါ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၍ ပြည်သူနှစ်ဦးလည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများအား လက်နက်ကြီး၊လက်နက်ငယ်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူကာ ဒေသခံပြည်သူနှစ်ဦးလည်း ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၁၉ ရက် ညနေ ၆နာရီခန့်က ရွှေဘိုမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သည် ရွှေဘို – ဆိပ်ခွန်လမ်းမပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် ကင်းဗျားကျေးရွာရှိ ဒက္ခိဏာရာမကျောင်းတိုက်မှ သက်တော်(၆၄)နှစ်ရှိ ဆရာတော်ဦးကောသလ္လအား ထိမှန်ခဲ့ပြီး ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယနေ့အထိ အဆိုပါလမ်းပိုင်းရှိ ချီပါတံတားပေါ်တွင် ဘန်ကာများဆောက်လုပ်ကာ စစ်ဆေးမှုများပြုလုပ်နေ၍ ပြည်သူများအနေဖြင့် ရွှေဘို – ဆိပ်ခွန်လမ်းပိုင်းအား အသုံးမပြုကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

Public Service Announcement

Public Service Announcement

“မန္တလေးပြန်ဖို့ကို ကားနဲ့ထွက်တာ လမ်းကနေလှည့်ပြန်လာရတာ နှစ်ခါရှိပြီ။ ဘယ်လိုမှသွားမရသေးဘူး။”ဟု ရွှေဘိုနယ်အနောက်ခြမ်းတွင် နေထိုင်သူအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ယနေ့ (ဧပြီလ ၂၂ ရက်) နံနက်ပိုင်းကလည်း ရွှေဘိုနယ်အရှေ့ခြမ်း၊ မန်ကျည်းသုံးပင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ပုလဲသွယ်ကျေးရွာကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ကင်းထောက်ရဲဘော်များက ပြောသည်။

(ရွှေဘိုမြို့ရှိ အထက်တန်းကျောင်းရှေ့တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook