Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူ

ဧပြီ ၁၉ ရက် ညနေ ၆နာရီခန့်က ရွှေဘိုမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သည် ရွှေဘို – ဆိပ်ခွန်လမ်းမပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

(ရွှေဘိုမြို့ရှိ အထက်တန်းကျောင်းရှေ့တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(ရွှေဘိုမြို့ရှိ အထက်တန်းကျောင်းရှေ့တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

▪️ကျေးရွာအပေါ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၍ ပြည်သူနှစ်ဦးလည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများအား လက်နက်ကြီး၊လက်နက်ငယ်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူကာ ဒေသခံပြည်သူနှစ်ဦးလည်း ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၁၉ ရက် ညနေ ၆နာရီခန့်က ရွှေဘိုမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သည် ရွှေဘို – ဆိပ်ခွန်လမ်းမပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် ကင်းဗျားကျေးရွာရှိ ဒက္ခိဏာရာမကျောင်းတိုက်မှ သက်တော်(၆၄)နှစ်ရှိ ဆရာတော်ဦးကောသလ္လအား ထိမှန်ခဲ့ပြီး ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယနေ့အထိ အဆိုပါလမ်းပိုင်းရှိ ချီပါတံတားပေါ်တွင် ဘန်ကာများဆောက်လုပ်ကာ စစ်ဆေးမှုများပြုလုပ်နေ၍ ပြည်သူများအနေဖြင့် ရွှေဘို – ဆိပ်ခွန်လမ်းပိုင်းအား အသုံးမပြုကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

Public Service Announcement

Public Service Announcement

“မန္တလေးပြန်ဖို့ကို ကားနဲ့ထွက်တာ လမ်းကနေလှည့်ပြန်လာရတာ နှစ်ခါရှိပြီ။ ဘယ်လိုမှသွားမရသေးဘူး။”ဟု ရွှေဘိုနယ်အနောက်ခြမ်းတွင် နေထိုင်သူအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ယနေ့ (ဧပြီလ ၂၂ ရက်) နံနက်ပိုင်းကလည်း ရွှေဘိုနယ်အရှေ့ခြမ်း၊ မန်ကျည်းသုံးပင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ပုလဲသွယ်ကျေးရွာကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ကင်းထောက်ရဲဘော်များက ပြောသည်။

(ရွှေဘိုမြို့ရှိ အထက်တန်းကျောင်းရှေ့တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။