Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးရှောင်စခန်းလေဘေးသင့်ပြီး အကူအညီလိုအပ်နေ

“အိမ်တစ်လုံးကတော့ လုံး၀ပြိုပျက်စီးသွားတယ်။ နေအိမ်(၁၀)လုံးကတော့ အချို့က အမိုးလန်တာ ပေါက်တာနဲ့ အကာအကွယ်တွေ ပျက်စီးတာရှိတယ်” ဟု လေးကေကော်လူငယ်ကွန်ရက်မှ တာဝန်ခံတစ်ဦးက ပြောသည်။

Photo - လေးကေ့ကော်လူငယ်ကွန်ရက်
Photo - လေးကေ့ကော်လူငယ်ကွန်ရက်

လေးကေကော်စစ်ရှောင်များနေထိုင်သည့် ပလောတပိုစစ်ရှောင်စခန်းတွင် ဧပြီလ(၂၃)ရက်နေ့ ညနေပိုင်းတွင် လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးသွားပြီး အခက်အခဲများကြုံတွေ့နေရသည်။

ဧပြီလ(၂၃)ရက်နေ့ ညနေပိုင်းအချိန်တွင် လေပြင်းများတိုက်ခတ်ခဲ့သောကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ လေးကေကော်စစ်ရှောင်ပြည်သူများ နေထိုင်သည့် ပလောတပိုစစ်ရှောင်စခန်းက နေအိမ်(၁၁)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု လေးကေကော်လူငယ်ကွန်ရက်က ပြောသည်။ ယင်းစစ်ဘေးရှောင်စခန်းသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဒေါနအရှေ့ဘက်ခြမ်းတွင်တည်ရှိသည်။

Photo - လေးကေ့ကော်လူငယ်ကွန်ရက်
Photo – လေးကေ့ကော်လူငယ်ကွန်ရက်

“အိမ်တစ်လုံးကတော့ လုံး၀ပြိုပျက်စီးသွားတယ်။ နေအိမ်(၁၀)လုံးကတော့ အချို့က အမိုးလန်တာ ပေါက်တာနဲ့ အကာအကွယ်တွေ ပျက်စီးတာရှိတယ်” ဟု လေးကေကော်လူငယ်ကွန်ရက်မှ တာဝန်ခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် စခန်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ အခက်အခဲ ကြုံတွေ့နေရပြီး အထူးသဖြင့် တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဧပြီလ(၇)ရက်ကစ၍ ပလောတပိုစစ်ရှောင်စခန်းကို တိမ်းရှောင်ရောက်ရှိလာတဲ့ မဲကနယ်ဒေသမှ စစ်ရှောင်ပြည်သူများ အကူအညီများ လိုအပ်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

“အဓိကကတော့ မဲကနယ်ဒေသက ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေအတွက် ခြင်ထောင်၊ စောင် ၊အဝတ်အထည်၊ ဆန်၊ ဆီ၊ ဆား တကိုယ်ရေသုံးပစ္စည်းတွေလိုအပ်နေပါတယ်။ သူတို့အတွက် တဲအိမ်တွေလည်း ထပ်ဆောက်ဖို့ ကြိုးစားပေးနေဆဲပါ” ဟု လေးကေကော်လူငယ်ကွန်ရက်မှ တာဝန်ခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ လေးကေကော်မြို့သစ်အတွင်းသို့ ပြီးခဲ့သည့် (၂၀၂၁)ခုနှစ် ဒီဇင်ဘာလအတွင်း၌ စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ရေးပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီး စစ်ရေးကြောင့် လေးကေကော်မြို့ရှိ စစ်ဘေးရှောင်ပြည်သူအများအပြားသည် ထိုင်း-မြန်မာနယ်စပ်အနီးတွင် ထွက်ပြေးတိမ်းရှောင်ခိုလှုံနေထိုင်နေရကာ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်က စစ်ရှောင်စခန်း ၄ ခုထက်မနည်း ရေကြီးနစ်မြုပ်နေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က စစ်ဘေးရှောင် စခန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ သက်ကြီးရွယ်အို ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။

Facebook