Connect with us

Hi, what are you looking for?

News

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း၁၈၀ခန့် အမေရိကန်ပေးအပ်မယ်

အမေရိကန်ဟာ ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၁၈၀ နီးပါးကို ပေးအပ်မယ်လို့ ကြေညာလိုက်ပါတယ်။

People's Spring
People's Spring

ရခိုင်ပြည်နယ်၊ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းအပါအဝင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းက အခြားနေရာတွေကို အကျိုးသက်ရောက်စေမယ့် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၁၈၀ နီးပါးကို ထပ် မံပေးအပ်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး သောမက်စ်ဂရင်းဖီးလ်က ကြေညာခဲ့တာပါ။

အခုထပ်မံပေးအပ်တဲ့ရန်ပုံငွေနဲ့အတူ အမေရိကန်ရဲ့ လူသားချင်းစာနာမှုအကူအညီဟာ ၂၀၁၇ ဩဂုတ်ကစလို့ ရိုဟင်ဂျာဒုက္ခသည်အရေးအတွက် ဒေါ်လာ ၁.၅ ဘီလီယံရှိနေပြီဖြစ်ပြီး ၂၀၁၇ ဩဂုတ်မှာ ရိုဟင်ဂျာ ၇၄၀၀၀၀ ကျော်ဟာ မျိုးနွယ်စုရှင်းလင်းခံရခြင်းနဲ့ အခြားသောကြောက် မက်ဖွယ်ရက်စက်ကျူးလွန်မှုတွေကြောင့် ရခိုင်ပြည်နယ်ကနေ ဘေးကင်းလုံခြုံရာ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ပါတယ်။

အမေရိကန်ရဲ့ လူသားချင်းစာနာမှုအကူအညီတွေဟာ ပညာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး၊ အာဟာရ၊ ကာကွယ်ရေး၊ လူနေတဲ၊ ဘေးအန္တရာယ်တုံ့ပြန်မှု၊ ရေ၊ မိလ္လာစနစ်၊ ပတ်ဝန်းကျင် သန့်ရှင်ရေးအပါအဝင် ဘက်ပေါင်းစုံနယ်ပယ်များစွာအတွက်ဖြန့်ဝေအထောက်အကူပြုသွား မယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။