Connect with us

Hi, what are you looking for?

LuduNwayOo

News

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း၁၈၀ခန့် အမေရိကန်ပေးအပ်မယ်

အမေရိကန်ဟာ ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၁၈၀ နီးပါးကို ပေးအပ်မယ်လို့ ကြေညာလိုက်ပါတယ်။

People's Spring
People's Spring

ရခိုင်ပြည်နယ်၊ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းအပါအဝင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းက အခြားနေရာတွေကို အကျိုးသက်ရောက်စေမယ့် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၁၈၀ နီးပါးကို ထပ် မံပေးအပ်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး သောမက်စ်ဂရင်းဖီးလ်က ကြေညာခဲ့တာပါ။

အခုထပ်မံပေးအပ်တဲ့ရန်ပုံငွေနဲ့အတူ အမေရိကန်ရဲ့ လူသားချင်းစာနာမှုအကူအညီဟာ ၂၀၁၇ ဩဂုတ်ကစလို့ ရိုဟင်ဂျာဒုက္ခသည်အရေးအတွက် ဒေါ်လာ ၁.၅ ဘီလီယံရှိနေပြီဖြစ်ပြီး ၂၀၁၇ ဩဂုတ်မှာ ရိုဟင်ဂျာ ၇၄၀၀၀၀ ကျော်ဟာ မျိုးနွယ်စုရှင်းလင်းခံရခြင်းနဲ့ အခြားသောကြောက် မက်ဖွယ်ရက်စက်ကျူးလွန်မှုတွေကြောင့် ရခိုင်ပြည်နယ်ကနေ ဘေးကင်းလုံခြုံရာ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ပါတယ်။

အမေရိကန်ရဲ့ လူသားချင်းစာနာမှုအကူအညီတွေဟာ ပညာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး၊ အာဟာရ၊ ကာကွယ်ရေး၊ လူနေတဲ၊ ဘေးအန္တရာယ်တုံ့ပြန်မှု၊ ရေ၊ မိလ္လာစနစ်၊ ပတ်ဝန်းကျင် သန့်ရှင်ရေးအပါအဝင် ဘက်ပေါင်းစုံနယ်ပယ်များစွာအတွက်ဖြန့်ဝေအထောက်အကူပြုသွား မယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။