Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်ရှိ မြို့သစ်ရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးရာ နေအိမ် ၄၀၀ ကျော်ပြာကျ

ခင်ဦးမြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးအခံရဆုံး မြို့နယ်များတွင်ပါဝင်ပြီး ကျေးရွာ(၇၀)မှ နေအိမ်ပေါင်း ၅,၀၀၀ ဝန်းကျင်အထိ မီးရှို့ဖျက်ဆီးခံထားရသည်။

ခင်ဦးနယ်၊ မြို့သစ်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
ခင်ဦးနယ်၊ မြို့သစ်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

မြို့သစ်ကျေးရွာကို အင်အား ၁၅၀ကျော်ပါ စစ်ကောင်စီတပ်က ယမန်နေ့ (ဧပြီ ၂၆ ရက်) ညနေပိုင်းက တစ်ကြိမ်၊ ယနေ့ (ဧပြီ ၂၇ ရက်) နေ့လည်ပိုင်းတွင် တစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ပေါင်း ၆၀၀ ခန့်ရှိသည့်အနက် ၄၀၀ကျော် ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“မနေ့က တစ်ညလုံး မီးရှို့ဖျက်ဆီးခဲ့သလို ဒီကနေ့ မနက်၇နာရီလောက်စပြီးရှို့တာ။ ဘေးရွာတွေကို လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဧပြီ ၂၅ရက်ကလည်း တပင်ကောင်း(တောင်)ရွာရှိ နေအိမ် ၂၅ လုံး၊ကံကြီးကုန်းကျေးရွာမှ နေအိမ် တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကြောင်းသည် ဧပြီ ၁၉ရက်ကတည်းက ရေဦးမြို့မှ ခင်ဦးမြို့နယ်အနောက်တောင်ခြမ်း ကျေးရွာများအား တောက်လျှောက်စစ်ကြောင်းထိုးခဲ့ပြီး ဒေသတွင်းကာကွယ်ရေးများနှင့် ထိတွေ့မှုများရှိခဲ့သ​ည်။

ယနေ့ နေ့လယ်ပိုင်းတွင်မူ ရေဦးမြို့သို့ ပြန်လည်ရောက်ရှိသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဧပြီ ၁၉ရက်က မြကန်ကျေးရွာ၌ ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ကာ ပြည်သူ့ ရဲဘော် ငါးဦးကျဆုံး၍ ဒေသခံအမျိုးသား ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ခင်ဦးမြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးအခံရဆုံး မြို့နယ်များတွင်ပါဝင်ပြီး ကျေးရွာ(၇၀)မှ နေအိမ်ပေါင်း ၅,၀၀၀ ဝန်းကျင်အထိ မီးရှို့ဖျက်ဆီးခံထားရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းချိန်မှ ၂၀၂၃ ဖေဖော်ဝါရီ ၂၈ရက်အထိကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ နေအိမ်ပေါင်း ၄၇,၇၇၈လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။