Connect with us

Hi, what are you looking for?

News

မန္တ​လေး-မုံရွာလမ်း​တွင် စစ်​ကောင်စီကားမိုင်းခွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး​ခြောက်ဦး​သေဆုံး

“ပေါက်ကွဲသံ ခုနစ်ချက်နီးပါးလောက်ရှိမယ်။ အသံကအရမ်းကျယ်တယ်။ ရေစကြိုနယ်ဘက်ကတောင်ကြားရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

မန္တ​လေး-မုံရွာကားလမ်း​တွင် မန္တ​လေးမှ မုံရွာမြို့သို့လာ​သောအာဏာသိမ်းစစ်​ကောင်စီကားနှစ်စီးကို ​ဒေသခံကာကွယ်​​ရေးအဖွဲ့နှစ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဒေသခံများက ​ပြောသည်။

ယနေ့(စက်တင်ဘာလ ၂၃ရက်) နံနက် ၈ နာရီဝန်းကျင်က ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနှင့် ရေပိုးစားကျေးရွာအကြား စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် စစ်ကားအကြီးနှစ်စီးအား ချောင်းဦး PDF နှင့် မုံရွာသံမဏိအဖွဲ့တို့ပူးပေါင်းကာ မိုင်းဆွဲခဲ့ခြင်းဖြစ် ကြောင်း၊ ကားနှစ်စီးလုံး၏ ဘယ်ဘက်ခြမ်းများ ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား​ခြောက်ဦးထက်မနည်း သေဆုံးကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်သည်။

“ပေါက်ကွဲသံ ခုနစ်ချက်နီးပါးလောက်ရှိမယ်။ အသံကအရမ်းကျယ်တယ်။ ရေစကြိုနယ်ဘက်ကတောင်ကြားရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် စစ်အာဏာ ရှင် ကျဆုံးရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့် ပူး ပေါင်း၍ ခုခံစစ်များဆင်နွှဲနေကြောင်း ချောင်းဦး PDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

မန္တ​လေး-မုံရွာ လမ်းမသည် ​နေစဥ်ကားအစီး​ရေများစွာဖြတ်သန်းအသုံးပြု​နေ​သော အဓိကလမ်းမကြီးဖြစ်ပြီး ၊အဆိုပါလမ်း​ပေါ်တွင်စစ်​ကောင်စီတပ်များကို ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

ဆောင်းပါး

ဒါကသမိုင်းတ​လျှောက်ဖျက်အားအပြင်းဆုံးငလျင်ကြီးလှုပ်ပြီးတစ်ပတ်ကျော်အကြာကမန္တလေးမြို့တ​နေရာရဲ့ မြင်ကွင်းဖြစ်ပါတယ်။ မန္တ​လေးမြို့ရဲ့ လမ်းအားလုံးနီးပါးမှာ ငလျင်ကြီး​ကြောင့်အ​ဆောက်အအုံပျက်​ မရှိတဲ့လမ်း မ​တွေ့ရ​ပါဘူး။

သတင်း

တိုက်ခိုက်မှုကြောင့် ရုံးပင်ကုန်းရွာရှိ နေအိမ် နှစ်လုံး အမိုးများပျက်စီးကာ ပြည်သူ သုံးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ တာဝန်ရှိသူက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲများမှ လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ​ကြောင်း ဓါတ်ပုံနှင့်တကွ​ဖော်ပြထားသည်။