Connect with us

Hi, what are you looking for?

သတင်း

ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ် ငါးဦးသေဟု ကော်ဘရာ အသိပေး

စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ဒဏ်ရာရသူမရှိကြောင်း အသိပေးသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာ)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာ)

▪️လက်နက်ခဲယမ်းအချို့ရ

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ မြ၀တီမြို့နယ်အတွင်း၌ ကော်ဘရာစစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက် ရှိရာ ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး တစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တပ်မ(၄၄)လက်အောက်ခံ ခမရ(၂၀၇)မှဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ဒဏ်ရာရသူမရှိကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ (ဧပြီ ၂၉ရက်) တွင် လက်နက်ကြီးဖြင့်အကြိမ်ရေ (၉၀)အထက်၊ Missile ဖြင့် (၈)ကြိမ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး နယ်မြေလုံခြုံရေးယူထားသော ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက် မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ထံမှ ကပစ ကျည် (၆၇)တောင့်၊ MA5 (၁)လက်၊ MA5 ကျည်ဘောက် (၁)ဘောက်၊ 9mm ကျည် (၁၅) တောင့်၊ MAကျည်ဘောက် (၄)ဘောက်၊ စကားပြောစက် (၂)လုံး၊ အီနာဂါ (၄)လုံး၊ RPG (၃)လုံး၊ RPG ပို့ယမ်း (၃)တောင့်၊ ဓား (၁)လက်၊ Jammer ကျောပိုးစက် (၁)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook