Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်အား သုံးကြိမ်တိုက်ခိုက်

ယမန်​နေ့ (မေလ ၃ ရက်) နံနက် ၆နာရီခန့်က ရွှေဘိုတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် ရွှေဘိုမြို့မှ ကျောက်မြောင်းမြို့ ခမရ (၁၂)သို့ (၁၂)ဘီးယာဉ် နှစ်စီးဖြင့်ထွက်လာမည့်အကြောင်း ကြိုတင်သတင်းရရှိခဲ့သည်။

(BLACK WOLF - ARMY မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Nway Oo Photography)
(BLACK WOLF - ARMY မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Nway Oo Photography)

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်အား သုံးကြိမ်တိုင် တိုက်ခိုက်ရာ စစ်သားလေးဦးသေဆုံးကြောင်း Black Wolf-Army၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်​နေ့ (မေလ ၃ ရက်) နံနက် ၆နာရီခန့်က ရွှေဘိုတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် ရွှေဘိုမြို့မှ ကျောက်မြောင်းမြို့ ခမရ (၁၂)သို့ (၁၂)ဘီးယာဉ် နှစ်စီးဖြင့်ထွက်လာမည့်အကြောင်း ကြိုတင်သတင်းရရှိခဲ့သည်။

ထို့အပြင် အင်အား ၄၅ ဦးခန့်ဖြင့် စစ်ကောင်စီတပ်က ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းကို ကြိုတင်ရှင်းလင်းရန် ခြေလျင်ထွက်လာခဲ့သည်။ အဆိုပါ စစ်အုပ်စုက မိုင်းထိမည်စိုး၍ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာ အရောက်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်ကာ အုံးပေါက်ကျေးရွာ သို့ ဦးတည်ထွက်ခွာသွားခဲ့သည်။

ပြည်သူများပါနေ၍ တိုက်ခိုက်ခြင်းမပြုဘဲ ရှောင်ရှားခဲ့ကာ စစ်အုပ်စုက အုံးပေါက်ကျေးရွာသို့ ရောက်ရှိချိန် ပြည်သူများအား ထားခဲ့ပြီး ထွက်ခွာလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black Wolf-Army၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့နောက် လက်နက်ငယ်များ၊ (၄၀)မမ ဗုံးသီးများဖြင့် အပြန်အလှန်ပစ်ခတ်မှု အချိန်အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

စစ်အုပ်စုက ထိခိုက်သေဆုံးသူများအား ထမ်းပိုးပြီး အုံးပေါက်ကျေးရွာဘက်သို့ ပြန်ဆုတ်ချိန် ဒရုန်းဖြင့်လိုက်ကာ ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည် ဟု ဆိုသည်။

“ခြေလျင်စစ်ကြောင်းက မိုင်းကြိုရှင်းသဘောပါ။ သေတာတွေကတော့ ကျွန်တော်တို့မျက်မြင်ပါပဲ။”ဟု Black Wolf-Army၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများအား BLACK WOLF – ARMY နှင့် WHO AM I ARMY ပူးပေါင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Black Wolf-Army အဖွဲ့သည် အာဏာသိမ်းစစ်ကောင်စီအား ဆက်လက်တိုက်ခိုက်ရန် “နွေအပူကအညာ ဝံပုလွေစနိုက်ပါ” ကမ်ပိန်း ပြုလုပ်နေပြီး ရက်၃၀ အတွင်း အလှူငွေရရှိနိုင်ရန် အကူအညီတောင်းခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။