Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ် လန်းကောရွာကို စစ်ကောင်စီက ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူ များနေထိုင်ရာ ကျေးရွာများ၊ စစ်ရှောင်စခန်းများနှင့် လူထုအခြေပြု ဆေးရုံ၊ ဆေးခန်းများကို လေကြောင်းဖြင့် တိုက်ခိုက်ခြင်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း KNDFက အသိပေးထားသည်။

(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အဦးများ။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အဦးများ။ ဓာတ်ပုံ - CJ)

ရှမ်း – ကရင်နီဒေသအစပ် ဖယ်ခုံမြို့နယ်၊လန်းကော ကျေးရွာကို စစ်ကောင်စီက ယနေ့ နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းနှင့် နေအိမ်အချို့ပျက်စီးခဲ့သည်။

“မနက် လေးနာရီလောက်က ဗုံးလာကြဲသွားတာ။လူနေအိမ် နှစ်လုံးနဲ့ဘုရားကျောင်းနံရံနဲ့ အမိုးတွေ ပျက်စီးသွားတယ်”ဟု ဖယ်ခုံအခြေစိုက်စစ်ဘေးရှောင်အရေးကူညီနေသူက ပြောသည်။

ဒေသခံပြည်သူ ထိခိုက်မှုရှိ၊မရှိကိုမူ ဆက်လက်စုံစမ်းနေကြောင်း ၎င်းက ဆိုသည်။

ယမန်နေ့ကလည်း ဖယ်ခုံမြို့နယ် အနောက်ကယန်းဒေသတွင် စစ်ကောင်စီက လေယာဉ်ဖြင့် စုစုပေါင်း (၇)ကြိမ် ဗုံးကြဲခဲ့သေးသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ဖယ်ခုံမြို့နယ်အနီးရှိ တောင်စလုံး၊ ကန်မိုက်နှင့် ဘန်းမိုက်ကျေးရွာအနီးတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

မြေပြင်တွင် အထိနာနေသော စစ်ကောင်စီတပ်က ကရင်နီဒေသအတွင်း လေကြောင်း​ဖြင့် တိုက်ခိုက်မှုကို အဆမတန် အသုံးပြုနေသည်။

မကြာသေးမီက ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်သည် စစ်မျက်နှာအသီးသီးတွင် ထိခိုက်ကျဆုံးမှုများပြားလျက်ရှိသဖြင့် ဧပြီ အတွင်း လေကြောင်းဖြင့်(၁၀၈) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။

Public Service Announcement
Public Service Announcement

ဧပြီအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အတူ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ တစ်ဦးသေဆုံးကာခြောက်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်သားများ၏ ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ တစ်ဦးသေဆုံးခဲ့ရသည်။

(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အဦးများ။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အဦးများ။ ဓာတ်ပုံ – CJ)

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူနေအိမ် ၂၀ကျော်ပျက်စီးခဲ့ရပြီး ပြည်သူ့ဆေးရုံ နှင့် ကိုယ်ထူကိုယ်ထ ဆေးရုံ နှစ်ခု၊ ကျေးရွာ ဆေးပေးခန်းနှစ်ခု ထိခိုက်ပျက်စီးခဲ့သည်။ ထို့အတူ လက်နက်ကြီး ကျရောက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူ များနေထိုင်ရာ ကျေးရွာများ၊ စစ်ရှောင်စခန်းများနှင့် လူထုအခြေပြု ဆေးရုံ၊ ဆေးခန်းများကို လေကြောင်းဖြင့် တိုက်ခိုက်ခြင်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း KNDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်က ၄ ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၃ဦး သေဆုံးပြီး နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က ထိုးစစ်ဆင်နေတဲ့ KNU တပ်မဟာ ၆ နယ်မြေ မြ၀တီမြို့တောင်ဘက်က မင်းလက်ပံရွာမှာ မနေ့(ဧပြီလ ၁၄)ရက်က စစ်တပ်က ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး အရပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ ကြားသိရကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။