Connect with us

Hi, what are you looking for?

သတင်း

မွန်ပြည်နယ်ထဲက PDF နောက်တန်းစခန်း ဗုံးကြဲခံရလို့ ၃ဦး ကျဆုံး

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးသွားသူ ၃ ဦးမှာ အမျိုးသမီးတပ်ဖွဲ့ဝင်လည်းပါဝင်ပါတယ်။

(ကျားဖြူစစ်ကြောင်းအား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Albino Tiger Company-1)
(ကျားဖြူစစ်ကြောင်းအား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Albino Tiger Company-1)

NUG အစိုးရရဲ့တောင်ပိုင်းတိုင်းစစ်ဒေသ လက်အောက်ခံ ကျားဖြူစစ်ကြောင်း (၂) ရဲ့ နောက်တန်းစခန်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ့နေ့ညပိုင်း မှာ ဗုံးကြဲခံရလို့ တပ်ဖွဲ့ဝင်လူငယ် ၃ဦးကျဆုံးသွားတယ်လို့သိရပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်ကြားမှာရှိတဲ့ ကျားဖြူစစ်ကြောင်း (၂) စစ်ကြောင်းရုံး ၊တပ်ခွဲ (၁) ၊ တပ်ခွဲ (၆) ရဲ့နောက်တန်းစခန်း နေရာ ဗုံးကြဲခံရတာလို့ ကျားဖြူစစ်ကြောင်းတပ်ခွဲ (၁) က ဒီနေ့မှာ ထုတ်ပြန်အသိပေးပါတယ်။

မေလ ၇ရက် ညပိုင်း ၁၀ နာရီကျော်မှာ စစ်ကောင်စီတိုက်လေယာဉ်ဟာ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချသွားတာလို့ ကျားဖြူ စစ်ကြောင်းတပ်ခွဲ (၁) ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီနောက် နောက်နေ့ နေ့လယ် ၁၂ နာရီမှာ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ ကျားဖြူ စစ်ကြောင်းတပ်ခွဲ (၁) ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးသွားသူ ၃ ဦးမှာ အမျိုးသမီးတပ်ဖွဲ့ဝင်လည်းပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။