Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုအရှေ့ခြမ်း လေးရက်မြောက်တိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်

မေလ ၁၅ ရက်ကစတင်ခဲ့သည့် ဒီးမော့ဆိုအရှေ့ခြမ်းရှိ တိုက်ပွဲမှာ ယနေ့ (မေလ ၁၈ ရက်)အထိ ထိတွေ့တိုက်ပွဲ ၁၀ကြိမ်ထက်မနည်းရှိသည်ဟု ဆိုသည်။

(ဒီးမော့ဆိုအရှေ့ဘက်ခြမ်း၌ တိုက်ပွဲဝင်နေသော ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ဒီးမော့ဆိုအရှေ့ဘက်ခြမ်း၌ တိုက်ပွဲဝင်နေသော ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ လေးရက်မြောက်ရှိလာပြီး စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မေလ ၁၅ ရက်ကစတင်ခဲ့သည့် ဒီးမော့ဆိုအရှေ့ခြမ်းရှိ တိုက်ပွဲမှာ ယနေ့ (မေလ ၁၈ ရက်)အထိ ထိတွေ့တိုက်ပွဲ ၁၀ကြိမ်ထက်မနည်းရှိသည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲများတွင် မေလ ၁၆ ရက်ကစ၍ စစ်ကောင်စီက လေကြောင်းပစ်ကူ သုံးကြိမ်ထက်မနည်းအသုံးပြုထားပြီး ယနေ့ နံနက်အစောပိုင်းကလည်း ဒီးမော့ဆိုအရှေ့ခြမ်းရှိ ကျေးရွာ များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“ဒေါလျားခူကျေးရွာနဲ့ ဖဲလျားကျေးရွာဘက်ကို ဂျက်နှစ်စီးနဲ့ ပတ်ပစ်တယ်။ဗုံးကျဲတယ်။နောက် မြေပြင်တပ်ကနေပါ လက်နက်ကြီးပစ်ကူပေးခဲ့တယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ဖွဲ့ဝင်က ပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုအရ စာသင်ကျောင်းနှင့် နေအိမ် ၅လုံး ပျက်စီးခဲ့ရပြီး လူထိခိုက်မှု ရှိ၊မရှိ မသိရသေးပေ။

Public Service Announcement
Public Service Announcement

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ဒီးမော့ဆိုအရှေ့ခြမ်းနေရာတွင် စစ်ကောင်စီတပ်က အင်အား ၃၀၀ခန့်ရှိပြီး နယ်မြေအသာစီးရယူရန် ကြိုးပမ်းနေသည်။

“ဒေါလျားခူ ကျေးရွာအနီး တောင်ပေါ်မှာ တပ်စွဲထားတပ် စကစဘက်က ကျေးရွာထဲကို ဝင်တိုးဖို့ လုပ်နေတာကို ကရင်နီပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေတယ်။အထိအခိုက်ကတော့ နှစ်ဖက်စလုံးရှိတယ်။နောက်ပြီး လက်ရှိမြေပြင်ရလဒ်ကလည်း သက်ဆိုင်ရာတပ်ရင်းတွေ ထုတ်ပြန်ပါလိမ့်မယ်”ဟု ကရင်နီဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

နှစ်လကျော်ကြာမြင့်ခဲ့သည့် ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲများတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်မှာ ယခုလဆန်းပိုင်းက အင်အားဖြည့်တင်းကာ နောက်တစ်ကြိမ် ထိုးစစ်ဆင်းရန် ကြိုးစားနေခြင်းဖြစ်သည်။

ထို့ကြောင့် ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့အရှေ့ဖက်ခြမ်းရှိ ဒေါစဲရွာ ၊ ဒေါတငူးရွာ ၊ တနီးလာလဲ ကျေးရွာများအတွင်းနှင့် အနီးတစ်ဝိုက်တွင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းများမှ တပ်စွဲ၍ လှုပ်ရှားနေ ကြောင်း KNDF က အသိပေးထားသည်။

နယ်မြေခံ တပ်မ (၅၅)အပါ တပ်မ (၆၆) ၊ တပ်မ (၂၂) ၊တပ်မ (၉၉)အစရှိသည့် တပ်မလေးခု အပြင် အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂) လက်အောက်ခံတပ်ရင်းများပါ အသုံးပြု၍ ကရင်နီပြည်နယ်သို့ ဖေဖော်ဝါရီအကုန် မတ်လဆန်းကစ၍ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း မတ်လဆန်းပိုင်းကစ၍ ဧပြီကုန်အထိ စစ်ကောင်စီတပ်သား ၃၅၀ ကျော်သေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ကျော်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။

ထို့နောက် စစ်ကောင်စီက ၎င်းတို့ထိုးစစ်ဆင်ခဲ့သည့် နယ်မြေအသီးသီးမှ ဧပြီလကုန်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့သည်။သို့သော် ယခုလ အစ တွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီးနောက် ယခင် ထိုးစစ်ဆင်ခဲ့သည့် နေရာများသို့ ပြန်လည်ဝင်ရောက် လာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။