Connect with us

Hi, what are you looking for?

သတင်း

ဖမ်းမိတဲ့ Non – CDM ဆရာ၊ဆရာမ ၆၀ ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ပခုက္ကူ ပ.က.ဖ ဆို

လူတွေကို ပြန်လွှတ်ပေးပေမယ့် ကား ၃ စီးကို သိမ်းယူထားသလို ကျောင်းသုံးဆက်စပ်ပစ္စည်းတွေကို လိုအပ်တဲ့ စာသင်ကျောင်းတွေဆီ ခွဲဝေပေးမယ်လို့ သိရပါတယ်။

ဓာတ်ပုံ − Young Force - UG
ဓာတ်ပုံ − Young Force - UG

မကွေးတိုင်း ပခုက္ကူ − ရေစကြို ကားလမ်းမှာ စစ်ဆေးနေချိန် ကား ၃ စီးပေါ်မှာ လိုက်ပါလာတဲ့ Non – CDM ဆရာ၊ ဆရာမ အယောက် ၆၀ ကျော်ကို ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးလိုက်ပြီလို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Young Force – UG) က မေလ ၂၃ ရက်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ဆရာ ၊ ဆရာမတွေကို ပြီးခဲ့တဲ့အပတ် မေလ ၁၈ ရက်က စတင်ပြီးထိန်းသိမ်းထားတာလို့ ဆိုထားပါတယ်။

မေလ ၁၈ ရက် ညနေပိုင်း ပခုက္ကူ − ရေစကြို ကားလမ်းပေါ်မှာ စစ်ဆေးနေချိန် ကား ၃ စီးကို စစ်ဆေးရာမှာ လိုက်ပါလာသူတွေဟာ Non – CDM ဆရာ ၊ဆရာမတွေဖြစ်တာကို သိရလို့ ခေတ္တထိန်းသိမ်းတာလို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Young Force – UG) ရှင်းလင်းထားပါတယ်။

ဒါပေမယ့် လူအရေအတွက်များတာ ၊ထိန်းသိမ်းထားဖို့ အခက်အခဲတွေရှိတာကြောင့် ပြန်လွှတ်ပေးလိုက်တာလို့လည်း အဲဒီအဖွဲ့က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ပြန်လွှတ်ပေးရာမှာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ၊ ဖမ်းဆီးနှိပ်စက်မှုတွေ ကို ရှင်းပြပြီး နောက်ဆုံးအကြိမ်အဖြစ် သတိပေးလိုက်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။

လူတွေကို ပြန်လွှတ်ပေးပေမယ့် ကား ၃ စီးကို သိမ်းယူထားသလို ကျောင်းသုံးဆက်စပ်ပစ္စည်းတွေကို လိုအပ်တဲ့ စာသင်ကျောင်းတွေဆီ ခွဲဝေပေးမယ်လို့ သိရပါတယ်။

ရွှေထည်ပစ္စည်းတွေကိုတော့ သိမ်းယူခဲ့တာမရှိဘူးလို့လည်း အသိပေးထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ သိမ်ကုန်းနဲ့ မရိုးကုန်း ကျေးရွာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ခဲယမ်းအများအပြားနဲ့ ယာဉ်ယန္တရားတွေ သိမ်းဆည်းရရှိ