Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တိုက်ပွဲ စစ်ကောင်စီက ပေါင် ၅၀၀ဗုံးသီးများ လေကြောင်းမှကြဲချ တိုက်ခိုက်

မိုးဗြဲမြို့တွင် ညောင်ဝိုင်းရပ်ကွက်၊ စက်တော်ရာ တောင်နှင့် ခမရ(၄၂၂)တပ်တို့မှာ စစ်ကောင်စီ အခြေစိုက်တပ်စွဲထားသည့်နေရာများ ဖြစ်သည်။

(ယနေ့နံနက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် မိုးဗြဲမြို့ရှိ နေအိမ်အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့နံနက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် မိုးဗြဲမြို့ရှိ နေအိမ်အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️အရပ်သားအချို့ထိခိုက်ပြီး လူနေအိမ်များပျက်စီးဟု ဒေသခံပြော

ရှမ်း – ကရင်နီ(ကယား)ပြည််နယ်အစပ် မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီက ပေါင် ၅၀၀ဗုံးသီးများအသုံးပြု လေကြောင်းမှကြဲချ တိုက်ခိုက်၍ အရပ်သားအချို့ထိခိုက်ဒဏ်ရာရရှိကာ ဘုန်ကြီးကျောင်းအပါအဝင် နေအိမ်များပျက်စီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(မေ ၂၇ရက်)နံနက် ၅နာရီခန့်ကစတင်ခဲ့သည့် နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီက နံနက် ၇ နာရီကစ၍ လေကြောင်းပစ်ကူရယူကာ လူနေရပ်ကွက်များအတွင်း စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းနှင့် ပေါင် ၅၀၀ ဗုံးသီး သုံးလုံးအသုံးပြုခဲ့သည်ဟု ဆိုသည်။

“မိုးဗြဲမြို့နေရာတော်တော်များများကို လေယာဉ်စက်သေနတ်နဲ့ ခုနစ်ကြိမ်လောက်ပတ် ပစ်တယ်။ နောက်ပြီး ပေါင် ၅၀၀ဗုံးသီး သုံးလုံးကြဲသွားတယ်။ပေါ်ဦးနဲ့ ညောင်ဝိုင်းရပ်ကွက်က တော်တော် ထိတယ်။ အရပ်သား အနည်းဆုံးနှစ်ယောက် ဒဏ်ရာပြင်းထန်ရထားတယ်။နောက်ပြီး ကလေးတစ်ယောက်ပါ စက်သေနတ်ကျည်ထိ ထားတယ်”ဟု မိုးဗြဲမြို့လူမှုကယ် ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိ နံနက် ၁၁ နာရီခွဲခန့်အထိ စစ်ကောင်စီ၏ မိုးဗြဲမြို့ အခြေစိုက်(၄၂၂)တပ်အပါအဝင် လွိုင်ကော်ရှိ အမြောက်တပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဟု သိရသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲက မပြီးသေဘူးထင်တယ်။ လက်နက်ကြီးရော၊ လက်နက်ငယ်အသံက မိုးရွာနေတဲ့အတိုင်းပဲ”ဟု မိုးဗြဲ မြို့ခံတစ်ဦးက ပြောသည်။

မိုးဗြဲမြို့တွင် ညောင်ဝိုင်းရပ်ကွက်၊ စက်တော်ရာ တောင်နှင့် ခမရ(၄၂၂)တပ်တို့မှာ စစ်ကောင်စီ အခြေစိုက်တပ်စွဲထားသည့်နေရာများ ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ၂၆ ရက်က မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်းတပ်ဖွဲ့ကို KNDF B/03 ၊ KNDF B/01 ၊ မိုးဗြဲပြည် သူ့ကာကွယ်ရေးတပ်(MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲမှာ ၄နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများအဆမတန် အသုံးပြု၍ပစ်ကူပေးခဲ့သလို ဂျက်ဖိုက်တာဖြင့် (၄)ကြိမ်ခန့် လာရောက်ပစ်ကူပေးခဲ့ရသည်။

ထို့အပြင် ကရင်နီတပ်ပေါင်းစု၏ ချေမှုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးသေဆုံးကာ နှစ်ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ထံမှ MA – 1 (၄)လက်၊ MA -2 (၄)လက်၊ MA -3 (၂) လက်၊ MA-4 (၁)လက်၊ RPG-7 (၁)လက်၊ (၆၀) မမပြောင်းတို (၂ )ခု သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ